ငါး (တိရစ္ဆာန်)
ရေတွင် နေထိုင်သော တိရိစ္ဆာန်တစ်မျိုးဖြစ်ပြီး , ကမ္ဘာပေါ်တွင်ငါးမျိုးစိတ်ပေါင်း ၇၀၀၀၀ ဝန်း / From Wikipedia, the free encyclopedia
ကျောရိုးရှိ သတ္တဝါများ မျိုးပေါင်းစုတွင် အကျုံးဝင်သည့် ငါး မျိုးပေါင်း(မျိုးဂိုဏ်း)ဝင် သတ္တဝါများမှာ ရေထုထဲတွင် နေထိုင်သော သွေးအပူချိန်ပြောင်း သတ္တဝါများ ဖြစ်ပြီး၊ ရေထဲမှ အောက်ဆီဂျင်ကို ပါးဟက် (ရေထဲတွင် အသက်ရှူနိုင်သော အင်္ဂါတစ်မျိုး)နှင့် ရှူလေသည်။ ငါးမျိုးဂိုဏ်းထဲတွင် ငါးမျိုးအုပ် အလျှိုလျှိ ပါရှိနေ၏။ ငါးများတွင် ပုံမှန်အားဖြင့် အကြေးခွံ နှင့် ဆူးတောင်များ ရှိတတ်သည်။ ရေကန်များ မြစ်ချောင်းများတွင် နေထိုင်သော ရေချိုငါးများ ရှိသကဲ့သို့ သမုဒ္ဒရာ ဆားငန်ရေတွင် နေထိုင်သော ပင်လယ်ငါးများလည်း ရှိသည်။ အချို့သော ငါးများသည် ၁ စင်တီမီတာ အရှည်ပင်မရှိပေ။ အကြီးဆုံးငါးမှာ ဝေလငါးမန်း (whale shark) ဖြစ်ပြီး ၁၅ မီတာရှည်ကာ ၁၅ တန်လေးသည်။
အချက်တိုများ သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း, အုပ်စုများ ပါဝင်သည် ...
Dog | |
---|---|
Giant grouper swimming among schools of other fish | |
Head-on view of a red lionfish | |
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
Clade: | Olfactores |
မျိုးပေါင်းစုသေး: | Vertebrata |
အုပ်စုများ ပါဝင်သည် | |
Cladistically included but traditionally excluded taxa | |
|
ပိတ်ရန်