From Wikipedia, the free encyclopedia
ကျောရိုးရှိသတ္တဝါ ဆိုသည်မှာ အရိုးနု သို့မဟုတ် အရိုးတို့ ဖြင့် ဝန်းရံထားသည့် ကျောရိုး အာရုံကြော ပါရှိသော တိရစ္ဆာန် ဖြစ်သည်။ အဆိုပါစကားလုံးသည် ကျောရိုးတစ်ခုအဖြစ် တွဲဆက်ပေးထားသော အရိုးများဖြစ်သည့် ကျောရိုးဆစ် ဟူသော စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျောရိုးမပါရှိသော သတ္တဝါများကိုလည်း ကျောရိုးမဲ့သတ္တဝါများ ဟုပင်ခေါ်ဆိုသည်။ ကျောရိုးရှိသတ္တဝါများတွင် ငှက်များ ၊ ငါးများ ၊ ကုန်းနေရေနေသတ္တဝါများ ၊ တွားသွားသတ္တဝါများ နှင့် နို့တိုက်သတ္တဝါများ ပါဝင်သည်။ ကျောရိုးရှိသတ္တဝါ၏ အရိုးစု အစိတ်အပိုင်းများမှာ -
ကျောရိုးရှိသတ္တဝါ | |
---|---|
ကျောရိုးရှိသတ္တဝါ ဥပမာအချို့: စတားဂျင်ငါး (Actinopterygii)၊ ဆင် (ခြေလေးချောင်း သတ္တဝါ)၊ ကျားငါးမန်း (Chondrichthyes) နှင့် လမ္ပရီငါး (Agnatha). | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
Superphylum: | Deuterostomia |
မျိုးပေါင်းစု: | Chordata |
Clade: | Olfactores |
မျိုးပေါင်းစုသေး: | Vertebrata J-B. Lamarck, 1801[2] |
မျိုးပေါင်းစုငယ် | |
Synonyms | |
Ossea Batsch, 1788[2] |
ကျောရိုးရှိသတ္တဝါ နမူနာများမှာ နို့တိုက်သတ္တဝါများ ၊ ငှက်များ နှင့် ငါးများ ဖြစ်သည်။ မျိုးစိတ်ပေါင်း သောင်းဂဏန်း အနည်းငယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ကျောရိုးရှိသတ္တဝါမျိုးစိတ် အနည်းဆုံးလေးမျိုးကို ဖော်ပြရန် "ငါး" ဟူသော စကားလုံးကို အသုံးပြုရသည်။
ကျောရိုးရှိသတ္တဝါများသည် ပတ်ဝန်းကျင် အားလုံးနီးပါး၌ လွှမ်းမိုးသည်။ ၎င်းတို့သည် အဓိက ဂေဟစနစ် တစ်ခုစီတွင် အကြီးဆုံးသော တိရစ္ဆာန်များအနေဖြင့် ပါဝင်ကြသော်လည်း၊ အကြီးဆုံး သက်ရှိများ မဟုတ်ပေ(သက်ရှိအဖြစ် စဉ်းစားရာတွင် သစ်ပင်များကိုပါ ထည့်သွင်း သုံးသပ်သောကြောင့်ဖြစ်သည်)။ ၎င်းတို့သည် လိုက်လျောညီထွေနိုင်သည့် ခုခံအားစနစ် ရှိသည့် တစ်ခုတည်းသော တိရစ္ဆာန်များဖြစ်သည်။ [3] ဤအချက်နှစ်ချက်သည် ဆက်စပ်နိုင်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.