စကိုင်းသတင်း
From Wikipedia, the free encyclopedia
စကိုင်းသတင်း (အင်္ဂလိပ်: Sky News) သည် ဗြိတိသျှအခြေစိုက် အခမဲ့သတင်းရုပ်သံလိုင်းတစ်ခုနှင့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စကိုင်းသတင်းဌာန၏ သတင်းများကို ရေဒီယိုဝန်ဆောင်မှု၊ အွန်လိုင်းဝန်ဆောင်မှုများမှတစ်ဆင့် ရရှိနိုင်သည်။ ကွန်ကတ်စ် စီးပွားရေးလုပ်ငန်းကြီး၏ အခွဲဖြစ်သော "စကိုင်းအုပ်စု"က ဤသတင်းရုပ်သံကို ပိုင်ဆိုင်သည်။ ဂျွန် ရိုင်းလီသည် စကိုင်းသတင်း၏ အကြီးအကဲဖြစ်ပြီး ၂၀၀၆ ဇွန်ကတည်းက ဤရာထူးကို ရယူထားသည်။ ၂၀၁၉ တွင် စကိုင်းသတင်း အမည်ကို တစ်နှစ်တာ တော်ဝင်ရုပ်မြင်သံကြားအဖွဲ့အစည်း သတင်းလိုင်းအဖြစ် ရွေးချယ်ခံရကာ ထိုဆုကို (၁၂) ကြိမ်မြောက် ရရှိခြင်းဖြစ်သည်။[2] ဝက်ဘ်ဆိုဒ်၊ ယူကျု(ဘ်)တို့မှ နိုင်ငံတကာသတင်းများကို တိုက်ရိုက်ကြည့်ရှုနိုင်သည်။
Sky News | |
---|---|
ပိုင်ဆိုင်သူ | စကိုင်းအုပ်စု (ကွန်ကတ်စ်) |
ဆောင်ပုဒ် | The home of independent news[1] |
ဘာသာစကား | အင်္ဂလိပ်ဘာသာ |
ဝက်ဘ်ဆိုဒ် | Official Website |
ညီအမရုပ်သံလိုင်းဖြစ်သော စကိုင်းသတင်း အာရေးဘီးယား (Sky News Arabia) ကို အဘူဒါဘီ မီဒီယာရင်းနှီးမြှုပ်နှံ့မှုကော်ပိုရေးရှင်းနှင့် ဖက်စပ်ပိုင်ဆိုင်ကာ စကိုင်းသတင်း ဩစတေးလျ (Sky News Australia) ကို စကိုင်းသတင်း၏ မိခင်လုပ်ငန်း စကိုင်း ပီအယ်လ်စီက ၂၀၁၆ ဒီဇင်ဘာအထိ တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်ခဲ့လေသည်။ စကိုင်းသတင်း နိုင်ငံတကာ ဟုအမည်ရှိသော လိုင်းကို ယူကေတွင် တိုက်ရိုက်ထုတ်လွှင့်ကြပြီး ဥရောပ၊ အမေရိက (တောင်၊ မြောက်)၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှ၊ အာရှပစိဖိတ်၊ ဩစတေးလျ စသည့်ဒေသများတွင်လည်း ဗြိတိသျှကြော်ငြာများမပါဘဲ ကြည့်ရှုနိုင်၏ ။