From Wikipedia, the free encyclopedia
ဟိုက်ဒရိုဆိုင်ယနစ်၊ တစ်နည်းအားဖြင့် ပရပ်ဆစ်အက်ဆက် HCN ဟုခေါ်သော ဓာတ်၏ ဓာတ်ဆားများဖြစ်ကြသော ဆိုင်ယာနိုက် တို့သည် အလွန်အသုံးဝင်သော်လည်း အလွန်တစ်ရာ အဆိပ်ပြင်း၏။ အထူးသဖြင့် ပိုတက်ဆီယမ်ဆိုင်ယနိုက် KCN နှင့် ဆိုဒီယမ် ဆိုင်ယနိုက် NaCN တို့သည် အဆိပ်ပြင်းသည်။ အဝတ်စ တစ်စတွင် ပိုတက်ဆီယမ် ဆိုင်ယနိုက် အနည်းငယ်မျှကိုဆွတ်၍၊ နကျယ်အိတ် အပေါက်တစ်ခု၌ ဆို့ထားလိုက်လျှင် အိမ်အတွင်းရှိ နကျယ်ကောင်နှင့်တကွ အပြင်ဘက်မှ အိမ်သို့ပြန်လာသော နကျယ်ကောင်များပါ သေကုန်ကြ၏။ ထို့ကြောင့် အထက်ပါအက်ဆစ်နှင့် ဓာတ်ဆားများကို လက်အိတ် လက်ဖုံး မပါဘဲ၊ လက်ချည်းသက်သက်ဖြင့် မကိုင်မတွယ်ရချေ။ ဆိုဒီယမ်ဆိုင်ယနိုက်နှင့် ပိုတက်ဆီယမ် ဆိုင်ယနိုက်ပျော်ဝင်ရည်တို့တွင် ရွှေသည် အလွယ်တကူပျော်နိုင်သောကြောင့် ဆိုင်ယနိုက်ကို ရွှေအရိုင်းတုံးများမှ ရွှေသန့်ထုတ်ယူရာ၌ များစွာအသုံးပြုကြသည်။ ရွှေနှင့် ငွေပျော်ဝင်နေသော ဆိုင်ယနိုက် ပျော်ဝင်ရည်ကိုလည်း ဓာတ်ရည်စိမ်ရာ၌ များစွာအသုံးပြုကြ၏။ ပိုတက်ဆီယမ်ဆိုင်ယနိုက်နှင့် အိုင်းယန်းဆိုင်ယနိုက်ဓာတ်ဆားနှစ်မျိုးပေါင်းဖြစ်သော ပိုတက်ဆီယမ် ဖယ်ရို ဆိုင်ယနိုက် K4Fe (CN)6 နှင့် ပိုတက်ဆီယမ် ဖယ်ရီ ဆိုင်ယနိုက် 2K3Fe(CN)6 တို့သည် ဆေးဆိုးလုပ်ငန်းများတွင် အလွန်အသုံးဝင်၏။ ဟိုက်ဒရိုဆိုင်ယနစ်အက်ဆစ်ရည်သည် အလွန်အဆိပ်ပြင်းထန်၏။ ချယ်ရီသီး၊ ဆီးသီး၊ မက်မုံသီး စသော သစ်သီးများ၏ အစေ့တွင်းရှိ အဆန်တွင် ဤအက်ဆစ်သည် အခြားပစ္စည်းများနှင့်ရော၍ပါတတ်၏။ ထို့ကြောင့် သစ်သီးစေ့တို့၏ အဆန်များကို မစားသင့်ချေ။ ဟိုက်ဒရိုဆိုင်ယနစ် ဓာတ်ငွေ့ကိုမူ အိမ်၊ သင်္ဘော၊ ကုန်လှောင်ရုံကြီးများနှင့် ကုန်အမျိုးမျိုးတို့ကို ပိုးမွှားကင်းအောင် မှိုင်းတိုက်ပေးရာ၌ အသုံးပြုကြလသည်။[1]
အမည် | |
---|---|
en:Preferred IUPAC name
Cyanide | |
Systematic IUPAC name
Nitridocarbonate(II) | |
အမှတ်အသားများ-->
--> --> --> ----- templatepar ----- --> | |
CAS Number |
57-12-5 |
ChEBI | CHEBI:17514 |
ChemSpider | 5755 |
Jmol 3D model | Interactive image |
PubChem | 5975 |
UNII | OXN4E7L11K |
InChI
| |
SMILES
| |
ဂုဏ်သတ္တိများ | |
CN– | |
Molar mass | ၂၆.၀၂ g·mol−1 |
အန္တရာယ် | |
ပင်မ အန္တရာယ်များ | The cyanide ion CN– is one of the most poisonous chemicals. It may cause death in minutes. |
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa). | |
Infobox references | |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.