ဆူဒန်နိုင်ငံ

From Wikipedia, the free encyclopedia

ဆူဒန်နိုင်ငံmap

ဆူဒန်နိုင်ငံသည် ပထဝီဝင်အရဆိုသော် အာဖရိကတိုက် မြောက်ပိုင်းအလယ်၌ ဆဟားရားနှင့် လစ်ဗျန် သဲကန္တာရတို့၏ တောင်ဘက်တွင် တည်ရှိ၍ အာဖရိကတိုက်အနောက်ဘက် ကမ်းခြေမှ အီသီအိုးပီးယား တောင်တန်းများအထိ မိုင် ၄ဝဝဝ ခန့်ဖြတ်သန်းလျက်ရှိသည်။ အနံအားဖြင့် မိုင် ၁ဝဝဝ နီးပါး ခန့်အထိ ရှိသည်။ အကျယ်အဝန်းမှာ စတုရန်း မိုင် ၂ သန်း ခန့်ရှိ၍ လူဦးရေမှာ ၄ ကုဋေခန့်ရှိ၏။ ဤနယ်အတွင်း ပြင်သစ်ပိုင် အနောက်အာဖရိကနယ်ပယ်များ၊ ဗြိတိသျှပိုင် အနောက်အာဖရိကနယ်သစ်များနှင့် ယခင်က အင်္ဂလိုအီဂျစ်ရှင် ဆူဒန်ဟုခေါ်ခဲ့သော ဆူဒန်သမ္မတနိုင်ငံတို့ ပါဝင်၏။ ထို့ပြင် ဆင်နီဂေါမြစ်ဝှမ်း၊ နိုင်းဂျားမြစ် အလယ်ပိုင်း၊ နိုင်းမြစ်ဝှမ်းနှင့် ချက်အိုင်ကြီးတို့ တည်ရှိရာဒေသများသည် ဤနယ်အတွင်းကျ ရောက်လေသည်၊ ကျယ်ပြန့်သောကြောင့်လည်း သဲကန္တာရ၊ စတက်လွင်ပြင်နှင့် လွင်ပြင်ကြီးများစသည်ဖြင့် ဒေသအမျိုးမျိုး ရှိလေသည်။ လူမျိုးရေးအရဆိုသော် ဆူဒန်နယ်သည် မွတ်စလင် တို့ဩဇာလွှမ်းမိုးခြင်းခံရသော နီးဂရိုးလူမျိုးတို့ နေထိုင်ရာဒေသ ဖြစ်၏။ ဗောနူး၊ ဆွန်းဟိုင်း၊ ဖူးလာအစရှိသော အလယ်ခေတ် က နီးဂရိုးနိုင်ငံကြီးများ ထွန်းကားခဲ့သည့်နေလည်းဖြစ်လေ သည်၊ ပြင်သစ်ပိုင် ဆူဒန်နယ်မှာ ဆူဒန်နယ်နှင့် ဆဟားရား သဲကန္တာရတို့၏ နောက်ဖက်ပိုင်းဒေသများပါဝင်၍၊ စတုရန်းမိုင် ၅၉ဝ၉၆၆ ကျယ်ဝန်းပြီးလျှင် ၁၉၄၆ ခုနှစ် သန်းကောင်စာရင်း အရ လူဦးရေ ၃၈၁၂ဝဝဝ ယောက်ခန့်ရှိ၏။ မြို့တော်မှာ ဗမကိုးမြို့ဖြစ်သည်။ အများအားဖြင့် သဲကန္တာရဒေသများသာ ဖြစ်၍ အရှေ့ဘက် နှင့်တောင်ဘက်တွင် ကုန်းမြေမြင့်များရှိ၏။ ကေးမြို့ကိုဖြတ်၍ ဒါးကားမြို့နှင့် မီးရထားလမ်းအဆက်အသွယ် ရှိ လေသည်၊ မိုရော့ကိုနှင့်လည်း မော်တော်ကားလမ်းအဆက် အသွယ်ရှိ၏။ မြို့ကြီးများမှာ ဗမကိုး၊ ကေး၊ ဆီကားဆိုး၊ ဆေးဂူး၊ ဝါးအီဂူးယာ၊ ဂါးအိုး၊ တင်ဗတ်တူးမြို့များဖြစ်၏။ ထွက်ကုန်များမှာ မြေပဲ၊ သားရေ၊ ကြက်ပေါင်စေး၊ ဝါဂွမ်း၊ သိုးမွေး၊ ဖယောင်းစသည်တို့ဖြစ်သည်။ ၁၈၉၉ ခုနှစ်တွင် ဗြိတိန်နှင့်သဘောတူချုပ်ဆိုသော စာချုပ်အရ၊ အရှေ့ဆူဒန်နယ်သည် ပြင်သစ်ပိုင် ဖြစ်လာလေ သည်။ ထိုစဉ်က အင်္ဂလိုအီဂျစ်ရှင်ဆူဒန်ဟု တွင်ခဲ့သောနယ်နှင့် ၁၉၂၄ ခုနှစ်တွင် နယ်နိမိတ် ပိုင်းခြားသတ်မှတ်ခဲ့၏။ ၁၉၄၆ ခုနှစ်၌ ပြင်သစ်ပြည်ထောင်စုတွင် အပါအဝင်နယ်ပယ်အဖြစ် ပြန်လည် စည်းရုံးခဲ့သည့် အချိန်အထိ ကိုလိုနီ အဆင့်အတန်း၌ ရှိနေခဲ့လေသည်။ အဖရိကတိုက် အရှေ့မြောက်ပိုင်းဖြစ်သော အီဂျစ်ပြည်နှင့် အာဖရိတိုက်၏ အလယ်ပိုင်းတွင်ရှိသော ယူဂန်းဒါးနယ်အကြား ဒေသကို အင်္ဂလိပ်နှင့် အီဂျစ်အစိုးရတို့ ပူးတွဲအုပ်ချုပ်ခဲ့သဖြင့် အင်္ဂလိုအီဂျစ်ရှင် ဆူဒန်ဟု နှစ်ပေါင်းများစွာ ခေါ်ခဲ့လေသည်။ စတုရန်းမိုင် ၉၅ဝ၉၅ဝ ကျယ်ဝန်း၍ လူဦးရေ ၈၉၇၁၇၂ဝ ယောက်ရှိ၏။ ခါတွမ်းမြို့မှာ မြို့တော်ဖြစ်သည်။ ယင်းနယ်မှာ မြောက်ဘက်မှ တောင်ဘက်သို့ မိုင် ၁၆၅ဝရှိ၏။ မြောက်ဘက် တွင် အီဂျစ်နိုင်ငံ၊ အရှေ့ဘက်တွင် ပင်လယ်နီ၊ အီရစ်တရီးယား ပြည်နှင့် အီသီအိုးပီးယား နိုင်င်ငံ၊ တောင်ဘက်တွင် ကင်းန ယား၊ ယူဂန်းဒါးနှင့် ဗဲလဂျီယန်ကွန်ဂိုနယ်၊ အနောက်ဘက်တွင် ပြင်သစ်ပိုင် အီကွေတာပိုင်း အာဖရိကနှင့် လစ်ဗျားနိုင်ငံဟူ၍ အသီးသီးရှိကြ၏။ အင်္ဂလိုအီဂျစ်ရှင် ဆူဒန်နယ်သည် ပြင်သစ် ဆူဒန်နယ် ကဲ့သို့ပင် အများအားဖြင့် သဲကန္တာရများသာ ဖြစ်၏။ သို့ရာ တွင် အရှေ့မြောက်ဘက်ဒေသရှိ ပင်လယ်နီ တစ်လျှောက်နှင့် အနောက်ဘက်ရှိ ဒါးဖူးနယ်တွင် တောင်ထူထပ်၏။ ယင်းနယ် ကြီးကို စီရင်အုပ်ချုပ်ရန်အတွက် ပြည်နယ် ၈ ခုခွဲထားခဲ့လေ သည်။ ခါတွမ်းမြို့အပြင် အခြားမြို့ကြီး ၇ မြို့ရှိရာ၊ ဆူဒန် မြို့နှင့် ဆွားကင်မြို့တို့မှာ ပင်လယ်နီကမ်းခြေရှိ သင်္ဘောဆိပ်မြို့ များဖြစ်ကြလေသည်။ ရှေးအခါက ယင်းနယ်ကို အီဂျစ်ဘုရင်ခံချုပ် မဟာမက် အလီ(ခရစ် ၁၈၂ဝ-၂၂ ခုနှစ်)၏သားတော်ဟူစိန်က တိုက်ခိုက် သိမ်းယူခဲ့ရာ ၁၈၈၂ ခုနှစ်အထိ အမည်အားဖြင့် အီဂျစ်တို့၏ လက်အောက်ခံဖြစ်ခဲ့လေသည်။ ၁၈၈၃ ခုနှစ်၌ မာဒီခေါင်း ဆောင်သော အယူသည်းဆူဒန်နယ်သားတို့ ပုန်ကန်ထကြွ ခဲ့သည်တွင် အီဂျစ်တပ်များ အရေးနိမ့်ခဲ့သဖြင့် သူပုန်တို့ လက်အောက်သို့ ကျရောက်ခဲ့လေသည်။ ၁၈၉၆-၉၈ ခုနှစ်တွင် အင်္ဂလိပ်ဗိုလ်ချုပ် ကစ်ချနာက အောင်မြင်စွာစစ်ဆင်နိုင်ခဲ့သဖြင့် သူပုန်အရေး အေးငြိမ်းခဲ့၍၊ နိုင်းမြစ်ဝှမ်း အထက်ပိုင်းမှာ ပြင်သစ်တို့ လွှမ်းမိုးမည့်ဘေးမှ လွတ်မြောက်ခဲ့၏။

အချက်တိုများ ဆူဒန်သမ္မတနိုင်ငံ جمهورية السودان (အာရပ်)Jumhūriyyat as-Sūdān, မြို့တော် ...
ဆူဒန်သမ္မတနိုင်ငံ
جمهورية السودان (အာရပ်)
Jumhūriyyat as-Sūdān
Thumb
အလံတော်
Thumb
အမှတ်တံဆိပ်
ဆောင်ပုဒ်: النصر لنا (အာရပ်)
an-Naṣr lanā
"Victory is Ours"
နိုင်ငံတော် သီချင်း: نحن جند الله، جند الوطن (အာရပ်)
Naḥnu jund Allah, jund al-waṭan
(မြန်မာ: "ငါတို့သည် ဘုရားသခင်နှင့် ငါတို့နိုင်ငံ၏ စစ်သားများဖြစ်သည်")
Thumb
ဆူဒန်နိုင်ငံသည် အစိမ်းရင့်ရောင်ဖြင့် ပြသထားပြီး အငြင်းပွားဖွယ်ဒေသကို အစိမ်းနုဖြင့် ပြသထားသည်။
မြို့တော်ခါတွမ်းမြို့
15°38′N 032°32′E
အကြီးဆုံးမြို့အွမ်ဒါမန်မြို့
ရုံးသုံး ဘာသာစကားများ
လူမျိုးစု
လူမျိုးSudanese
အစိုးရဖက်ဒရယ် ကြားဖြတ်အစိုးရ
အာ့ဘ်ဒယ် ဖတ်တာ့ အာ-ဘူဟန်
 ဝန်ကြီးချုပ်
အဗ္ဗဒူလာဟမ်ဒက်
ဥပဒေပြုလွှတ်တော်ကြားဖြတ်ဥပဒေပြုကောင်စီ
တည်ထောင်ခြင်း
၁၀၇၀ ဘီစီ
1885
၁၈၉၉ ခုနှစ်
 အင်္ဂလိပ်-အီဂျစ် အုပ်စိုးမှု အဆုံးသတ်၍ လွတ်လပ်ရေးရခြင်း
၁၉၅၆ ဇန်နဝါရီလ ၁ ရက်
 တောင်ဆူဒန်နိုင်ငံ ခွဲထွက်ခြင်း
၂၀၁၁ ခုနှစ် ဇူလိုင် ၉ ရက်
၂၀၁၉ ခုနှစ် ဧပြီလ ၁၁ ရက်
၂၀၁၉ ခုနှစ် ဩဂုတ် ၄ ရက်
ဧရိယာ
 စုစုပေါင်း
၁,၈၈၆,၀၆၈ km2 (၇၂၈,၂၁၅ sq mi) (အဆင့်: ၁၅)
လူဦးရေ
 ၂၀၂၁ ခန့်မှန်း
Increase၄၄,၉၀၉,၃၅၃ [5] (အဆင့် - ၃၃)
 ၂၀၀၈ သန်းခေါင်စာရင်း
၃၀,၈၉၄,၀၀၀ (အငြင်းပွားဖွယ်)[6]
 သိပ်သည်းမှု
၂၁.၃/km2 (၅၅.၂/sq mi)
GDP (PPP)၂၀၁၈ ခန့်မှန်း
 စုစုပေါင်း
$၁၇၇.၆၇၈ ဘီလီယံ[7]
 Per capita
$၄,၂၃၂[8]
GDP (nominal)၂၀၁၈ ခန့်မှန်း
 စုစုပေါင်း
$၃၃.၉၀၃ ဘီလီယံ[9]
 Per capita
$၈၀၈[10]
Gini (၂၀၁၄) ၃၄.၂[11]
အလယ်
HDI (၂၀၁၉)Increase ၀.၅၁၀[12]
နိမ့် · ၁၇၀
ငွေကြေးဆူဒန် ပေါင် (SDG)
အချိန်ဇုန်CAT (UTC+2)
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်right
တယ်လီဖုန်းကုဒ်+၂၄၉
ISO 3166 ကုဒ်SD
Internet TLD.sd
سودان.
ပိတ်ရန်


၁၈၉၉ ခုနှစ်မှစ၍ အင်္ဂလိပ်နှင့် အီဂျစ်အစိုးရ တို့ ပူးတွဲအုပ်ချုပ်ခဲ့လေသည်။ ၁၈၉၉ ခုနှစ်နှင့် ၁၉၃၆ ခုနှစ်များတွင် ချုပ်ဆိုခဲ့သော စာချုပ်များအရ ယင်းအင်္ဂလိုအီဂျစ်ရှင် ဆူဒန်နယ်ကို အင်္ဂလိပ် နှင့် အီဂျစ်အစိုးအရတို့ ပူးတွဲရွေးချယ်သော ဘုရင်ခံချုပ်တစ်ဦး သည် အင်္ဂလိပ်နှင့် အီဂျစ်အစိုးရတို့ကိုယ်စား အုပ်ချုပ်ခဲ့လေ သည်။ သူ့အား အတိုင်ပင်ခံကောင်စီအဖွဲ့က ကူညီခဲ့၏။ ဗြိတိသျှ၊ အီဂျစ်နှင် ဆူဒန်လူမျိုးတို့ပါဝင်သည့် အုပ်ချုပ်ရေး ဝန်ထမ်းအဖွဲ့ရှိခဲ့၏။ ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ဗြိတိသျှနှင့် အီဂျစ်တို့ချုပ်ဆိုခဲ့သော စာချုပ်သစ်တွင် ဆူဒန်နယ်သားတို့သည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရစိမ့်မည်ဟု ကတိပြုထားခဲ့၏။ သို့သော် လုံးဝလွတ်လပ်ရေးရသည့်အချိန်ထိ အချုပ်အချာအာဏာကို လက်ရှိ အာဏာပိုင်တို့ကပင် ထိန်း သိမ်းပေးရမည်ဟု ဆိုခဲ့သည်။ ယင်းစာချုပ်အရပင်လျှင် ရွေးကောက်ပွဲ ကြီးကြပ်ရန် ကြားနေကော်မစ်ရှင်အဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့၏။ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည်တို့တွင် ဆူဒန်နယ်သား အရာရှိများကို အစားထိုးခန့်ထားရေးအတွက် လည်း ကော်မတီအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့လေသည်။ ၁၉၅၂ ခုနှစ် အောက်တိုဘာလတွင် ဥပဒေပြုလွှတ်တော်ဟောင်းကို ဖျက်သိမ်းခဲ့သည်။ ၁၉၅၃ ခုနှစ် ဧပြီလတွင် ရွေးကောက်ပွဲကြီး ကြပ် ရေးကော်မစ်ရှင်အဖြွ့သည် ဥပဒေပြုအောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့ကို ဖွဲ့စည်းပေးရန် တာဝန်ယူခဲ့သည်။ ထိုတာဝန်ယူချက်အရ အမတ် ၉၇ ဦးပါဝင်သော အောက် လွှတ်တော်နှင့် ရွေးကောက် တင်မြေ|ာက်သော အမတ် ၃ဝ၊ ဘုရင်ခံခန့်ထားသည့် အမတ် ၂ဝ ပါဝင်သော အထက် လွှတ် တော်တို့ကို ဖွဲ့စည်းရန်အလို့ငှာ၊ ၁၉၅၃ ခုနှစ် ဒိဖင်ဘာလတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ထိုအခါ လွှတ်တော်နှစ်ရပ် စလုံးတွင် အမျိုးသား ယူနီယန်နစ်ပါတီသည် လူများစုအဖြစ် ဖြင့် အနိုင်ရခဲ့လေသည်။ ၁၉၅၄ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့၌ ဘုရင်ခံမင်းကြီးသည် ပါလီမန်လွှတ်တော်ကို ဖွင့်လှစ်ခဲ့၏။ အမျိုးသား ယူနီယန်နစ်ပါတီခေါင်းဆောင် ဆယက် အစ္စမေ အယ် အဇာရီကိုလည်း ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင် မြောက်ခဲ့၏။ ၁၉၅၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဗြိတိသျှအမှု ထမ်း အရာထမ်းတို့အား လျော်ကြေးပေးပြီးသား မှုထမ်းရာထမ်း တို့နေရာတွင် ဆူဒန်အမှုထမ်းအရာထမ်းတို့ကို အစားထိုးလေ သည်။ ဆူဒန်တိုင်းရင်းသားတို့ကိုလည်း ကာကွယ်ရေး တပ်မ တော်များတွင် ခန့်အပ်စေသော စီမံကိန်းအရ ၁၉၅၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဗြိတိသျှ စစ်ဦးစီးဗိုလ်ချုပ်သည် ဆူဒန်တိုင်းရင်းသားဗိုလ်ချုပ်အား ရာထူးလွှဲပြောင်းပေးရသည်။ ၁၉၅၆ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့သို့ ရောက်သောအခါ၌မူ ကား၊ ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့စွဲပါ ဗြိတိသျှ တို့၏ ကတိစာချုပ်အတိုင်း၊ ဆူဒန်နယ်သည် လွတ်လပ်သော ဒီမိုကရက်တစ်သမ္မတ နိုင်ငံအဖြစ်ဖြင့် ဖွဲ့စည်းသောအခါ၊ ယခင် ကရှိရင်းစွဲ ဗြိတိသျှဘုရင်ခံချုပ် ရာထူးကို ပယ်ဖျက်၍၊ နိုင်ငံ တော်ဦးစီးအနေဖြင့် အဖွဲ့ဝင်ငါးဦးပါရှိသော နိုင်ငံကောင်စီကို ဖွဲ့စည်းလိုက်လေသည်။ အစ္စမေ အဇာရီကား ဝန်ကြီးချုပ်အဖြစ် ဖြင့် ဆက်လက်ဆောင်ရွက်ရလသည်။[13]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.