ဇီးကုန်းမြို့
ပဲခူးတိုင်းဒေသကြီးထဲမှ မြို့ / From Wikipedia, the free encyclopedia
ဤဆောင်းပါးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့ အကြောင်း ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ အတွက် ဇီးကုန်းမြို့၊ ကန့်ဘလူမြို့နယ် ကို ကြည့်ပါ။
ဇီးကုန်းမြို့ သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ဇီးကုန်းမြို့သည် ရန်ကုန် ပြည် မီးရထားလမ်းပေါ်၌ တည်ရှိ၍၊ ရန်ကုန်မြို့မှ ၁၁၆ မိုင်၊ ပြည်မြို့မှ ၄၅ မိုင်ကွာဝေးသည်။ ဇီးကုန်းမြို့၌ ဒေသန္တရအုပ်ချုပ်ရေးကို မြူနီစီပယ်ဖွဲ့၍ အုပ်ချုပ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေမှာ ၁၅,၂၃၃ ယောက် ဖြစ်သည်။[1]
အချက်တိုများ ဇီးကုန်းမြို့, နိုင်ငံ ...
ဇီးကုန်းမြို့ | |
---|---|
မြို့ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 18°20′18″N 95°37′23″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူး |
ခရိုင် | နတ်တလင်းခရိုင် |
မြို့နယ် | ဇီးကုန်းမြို့နယ် |
လူဦးရေ (၂၀၁၄)[1] | |
• မြို့ | ၆၇,၅၂၃ |
• မြို့ပေါ် | ၁၅,၂၃၃ |
• ကျေးလက် | ၅၂,၂၉၀ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ပိတ်ရန်
ဇီးကုန်မြို့နယ်မှာ ဆန်စပါး စိုက်ပျိုးသောနယ်ဖြစ်၍ ဆန်စပါးလုပ်ငန်းသည် အဓိကဖြစ်သည်။[2]