တောင်ဆူဒန်နိုင်ငံ
From Wikipedia, the free encyclopedia
တောင်ဆူဒန်နိုင်ငံ၏ တရားဝင်အမည်မှာ တောင်ဆူဒန်သမ္မတနိုင်ငံ ဖြစ်ပြီး အရှေ့အာဖရိကတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ လက်ရှိမြို့တော်မှာ ဂျူဘာမြို့ ဖြစ်ပြီး အကြီးဆုံးမြို့လည်း ဖြစ်သည်။ နောက်တွင် မြို့တော်ကို ပို၍ အလယ်ပိုင်းကျသော ရမ်စီယယ်မြို့သို့ ရွှေ့ပြောင်းလိမ့်မည် ဖြစ်သည်။ အရှေ့ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ကင်ညာနိုင်ငံ၊ တောင်ဘက်တွင် ယူဂန်းဒါးနိုင်ငံ၊ အနောက်တောင်ဘက်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ မြောက်ဘက်တွင် ဆူဒန်နိုင်ငံတို့က ဝန်းရံထားသည်။ တောင်ဆူဒန်နိုင်ငံတွင် နိုင်းမြစ်ဖြူကြောင့်ဖြစ်ပေါ်လာသော ကျယ်ပြန့်သော ရွှံ့နွံအိုင်ဒေသ ပါဝင်သည်။
အချက်တိုများ တောင်ဆူဒန် သမ္မတနိုင်ငံ Republic of South Sudan, မြို့တော် ...
တောင်ဆူဒန် သမ္မတနိုင်ငံ Republic of South Sudan | |
---|---|
ဆောင်ပုဒ်: Justice, Liberty, Prosperity | |
နိုင်ငံတော် သီချင်း: South Sudan Oyee! | |
မြို့တော် | ဂျူဘာမြို့ (ရမ်ဆီယယ်မြို့သို့ ရွှေ့ပြောင်းမည်[1]) |
အကြီးဆုံးမြို့ | ဂျူဘာမြို့ |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် |
အမျိုးအစား | ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတ အစိုးရ |
အစိုးရ | |
• သမ္မတ | Salva Kiir Mayardit |
• ဒု-သမ္မတ | Riek Machar |
တည်ထောင် | |
• လွတ်လပ်ရေး ရခြင်း | ဇူလိုင် ၉၊ ၂၀၁၁ |
ဧရိယာ | |
• စုစုပေါင်း | ၆၁၉,၇၄၅ km2 |
လူဦးရေ | |
• ခန့်မှန်း | ၈,၂၆၀,၄၉၀ (အငြင်းပွားဆဲ)[2] (အဆင့် - ၉၄) |
ငွေကြေး | တောင်ဆူဒန်ပေါင် |
အချိန်ဇုန် | +၃ |
တယ်လီဖုန်းကုဒ် | +၂၁၁[3] |
Internet TLD | .ss [4] |
ပိတ်ရန်