![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/37/Hmawbi_district.svg/langmy-640px-Hmawbi_district.svg.png&w=640&q=50)
ထန်းတပင်မြို့နယ် (ရန်ကုန်တိုင်းဒေသကြီး)
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင် / From Wikipedia, the free encyclopedia
ထန်းတပင်မြို့နယ် သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်တွင် တည်ရှိသည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ထန်းတပင်မြို့ ဖြစ်ပြီး ကုက္ကိုဝမြစ်နှင့် လှိုင်မြစ်တို့ ပေါင်းဆုံရာနေရာ၏ တောင်ဘက်ပိုင်း၊ လှိုင်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။[2]
အချက်တိုများ ထန်းတပင်မြို့နယ်, နိုင်ငံ ...
ထန်းတပင်မြို့နယ် | |
---|---|
မြို့နယ် | |
![]() မှော်ဘီခရိုင်အတွင်းတည်နေရာ (အပြာ) | |
မှော်ဘီခရိုင်အတွင်းတည်နေရာ (အပြာ) | |
ကိုဩဒိနိတ်: 17°8′0″N 95°55′0″E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
ခရိုင် | မှော်ဘီ |
လူဦးရေ (၂၀၁၄) | ၁၄၅,၇၉၂ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC6:30) |
[1] |
ပိတ်ရန်
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် ထန်းတပင်မြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးရန်အတွက် ထူးကုမ္ပဏီမှ ၂၇၀ မဂ္ဂဝက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကို ထန်းတပင်မြို့နယ်တွင် တည်ဆောက်လျက်ရှိသည်။[3]