ဒီ ဂျူရီ
From Wikipedia, the free encyclopedia
ဥပဒေ နှင့် အစိုးရ တွင် ဒီ ဂျူရီ (အင်္ဂလိပ်: de jure) သည် လက်တွေ့တွင် အမှန်တကယ်တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ တရားဝင်အသိအမှတ်ပြု ခံထားရစေသည့် အာဏာကို ဖော်ညွှန်းသည်။ [1] တစ်နည်းဆိုလျှင် အာဏာကို ပြည်သူတို့ က အပ်နှင်းခြင်းကို လက်ခံထားသည့် အစိုးရဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဒီ ဖက်တို ("မြေပြင်အရ") သည် တရားဝင်အသိအမှတ်ပြုခံရခြင်း မရှိသော်လည်း လက်တွေ့တွင် တည်ရှိနေသောအခြေအနေများ ကိုဖော်ပြခြင်း ဖြစ်သည်။ [2]