နဂါးမောက်သီး
From Wikipedia, the free encyclopedia
Pitaya fruit အမည်ရှိပြီး Dragon Fruit ဟု အများစုက ခေါ်ကြသည်။ မြန်မာလို နဂါးမောက်သီး ဟုခေါ်သည်။ နဂါးမောက်သီး၏ မူရင်းဒေသမှာ အမေရိကန် တောင်ပိုင်းနှင့် အလယ်ပိုင်းဖြစ်သည်။ နဂါးမောက်သီးကို ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
နဂါးမောက်ပင်များသည် အမြင့်ပေ ၂၀ခန့် အထိသာ မြင့်တက်တတ်သည်။ ပူအိုက်ပြီး မိုးရေချိန်များသည့်ဒေသတွင် ရှင်သန်ဖြစ်ထွန်းသည်။ အေးမြသည့် ဆောင်းရာသီတွင် အပင်သေတတ်ပြီး အပူချိန်မြင့်မားသော အပူပိုင်းဒေသကို နှစ်သက်သည်။ အရှေ့တောင်အာရှ၊ မက္ကဆီကို၊ မလေးရှား၊ ဗီယက်နမ်နှင့် အစ္စရေးနိုင်ငံတို့တွင် စီးပွားဖြစ် စိုက်ပျိုးသည်။ မြန်မာနိုင်ငံတွင်လည်း မိတ္ထီလာမြို့ဝန်းကျင်နှင့် ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့ဝန်းကျင်တို့တွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။
- မြန်မာအမည် - နဂါးမောက်သီးပင်
- အင်္ဂလိပ်အမည်- Dragon fruit
- ရုက္ခဗေဒအမည်- Selenicereus (former- Hylocerus) sprecies
- မျိုးရင်း - Cactaceae (ကန္တာရဆူးပင်)