မိတ္ထီလာမြို့
From Wikipedia, the free encyclopedia
မိတ္ထီလာမြို့သည် မြန်မာပြည်အလည်ပိုင်း တွင်တည်ရှိ၍ မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သောမြို့ဖြစ်ပြီး မိတ္ထီလာကန်၏နံဘေးတွင် တည်ရှိသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် မိတ္ထီလာမြို့အနီးမှ ဖြတ်သန်းဖောက်လုပ်ထားပြီး ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီး၊ ပုဂံ-တောင်ကြီးလမ်းနှင့် မိတ္ထီလာ-မြင်းခြံလမ်းတို့ ဆုံရာလမ်းဆုံလမ်းခွတွင်ဖြစ်သောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စည်ကားသော မြို့တစ်မြို့ဖြစ်သည်။ မိတ္ထီလာမြို့သည် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။
အချက်တိုများ မိတ္ထီလာမြို့, နိုင်ငံ ...
မိတ္ထီလာမြို့ | |
---|---|
မြို့ | |
မိတ္ထီလာမြို့တည်နေရာ | |
ကိုဩဒိနိတ်: 20°53′N 95°53′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | မိတ္ထီလာခရိုင် |
မြို့နယ် | မိတ္ထီလာမြို့နယ် |
လူဦးရေ (2005) | |
• လူမျိုးများ | ဗမာ၊ ကရင်၊ ရှမ်း |
• ကိုးကွယ်ယုံကြည်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ |
အချိန်ဇုန် | MST (UTC+6.30) |
ပိတ်ရန်