နတ်ဘုရားအမျိုးမျိုးတို့ကိုကိုးကွယ်ခြင်း
From Wikipedia, the free encyclopedia
နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်ခြင်း (အင်္ဂလိပ်: Polytheism) ဆိုသည်မှာ ကြီးမြတ်အုပ်စုမှု သဘောဆောင်သော နတ်ဘုရားများ တစ်ပါးတစ်ဆူမကကို ယုံကြည်ခြင်းနှင့် သို့မဟုတ် ကိုးကွယ်ခြင်းတို့ဖြစ်သည်။[1][2][3] အောက်စ်ဖှော့ဒ် တက္ကသိုလ်၏ အညွှန်းခံလေ့လာချက်များအရ၊ နတ်ဘုရားများကို စာရင်းချရန် မလွယ်ကူလှသဖြင့် တရုတ်ရိုးရာ နတ်ကိုးကွယ်မှု ကဲ့သို့သော အယူဝါဒစနစ်များမှာ အကယ်ပင် တစ်ပါး မကသော နတ်ဘုရားများကို ကိုးကွယ်မှုလော၊ တစ်ခုတည်း တစ်စုတည်းသော ကြီးမြတ်မှုအရာ၏ သရုပ်ကွဲဖော်ပြမှု အမျိုးမျိုးဟု သူတို့ ယူဆထားခြင်းမျိုး ဖြစ်နေသလော ခွဲခြားသတ်မှန်ရန် ခက်ခဲမှု ရှိတတ်သည်။[1] စာရင်းအတိအကျနီးပါး ပြုနိုင်သော နတ်ဘုရား၊ နတ်သမီး တို့ဖြင့် ကိုးကွယ်စရာ နတ်ဘုရားသိုက်ဝန်း (pantheon) ဂိုဏ်းများသဖွယ်လည်း အချို့ နတ်ဘုရားစုဝါဒများ၌ တွေ့ရသည်။
ကိုးကွယ်ယုံကြည်သူတို့သည် နတ်ကွန်း များသို့ ပူဇော်ပသမည့် ပစ္စည်းများကို တစ်ပါတည်း သယ်ဆောင်၍သွားရောက် စုရုံးပူဇော်ကြသည်။ သမိုင်း နှင့်ခေတ်ပြိုင်ကာလနှစ်မျိုးလုံးရှိ များစွာသော ယုံကြည်ကိုးကွယ်မှုများတွင် နတ်ဘုရားအမျိုးမျိုးတို့ကို ယုံကြည်ကိုးကွယ်ခြင်းများရှိကြသည်။ ၎င်းတို့ မှာ ရှင်တို ၊ ရှေးခေတ်ဂရိနတ်ဘုရားများ ၊ ရောမနတ်ဘုရားများ ၊ ဂျာမန်နတ်ဘုရားများ ၊ ဆလာဗစ်နတ် ဘုရားများ ၊ တရုတ်ရိုးရာကိုးကွယ်မှုများ ၊ မဟာယာနဗုဒ္ဓဘာသာ ၊ တိဗက်တန်ဗုဒ္ဓဘာသာ ၊ ဟိန္ဒူဘာသာ နှင့် လက်သစ်ဘာသာ မဲ့ ယုံကြည်မှုများတို့ဖြစ်ကြသည်။
နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်သူတို့သည် အားလုံးသော နတ်ဘုရားများကို အညီအမျှအစဉ်အမြဲ ကိုးကွယ်လေ့ မရှိပါ။ သို့သော်တစ်ခုတည်းသော နတ်ဘုရားကို ပူဇော်ပသသူတို့ရှိသည်။ အခြားကိုးကွယ်သူများထဲတွင် နတ်ဘု ရားအမျိုးမျိုးကို အချိန်အခါအလိုက် ပုံမှန်ကိုးကွယ်နေသူများလည်း ရှိသည်။ နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်ခြင်း(တစ်ပါးသို့မဟုတ် တစ်ပါးထက်ပိုသော ဘုရားများကို ယုံကြည်ခြင်း)သည် ကိုးကွယ်မှု ပုံစံတစ်ခုဖြစ်ပြီး တစ်ဆူတည်းသောဘုရား ကိုသာ ကိုးကွယ်မှုနှင့်ဆန့်ကျင်လျက်ရှိသည်။ ယနေ့ကမ္ဘာပေါ်ရှိ ယုံကြည်မှုလွှမ်းမိုးထားခြင်း တစ်ခုဖြစ်သည်။ အချို့ဘာသာများတွင် ဝိက ကဲ့သို့သော နတ် ဘုရားအမျိုးမျိုးတို့သည် ကြီးမားသော ဘုရားသခင်မှ ဆင်းသက်လာသည့် နတ်ဘုရားများဟု မြင်ထားကြ သည်။