၅၂ ယောက်မြောက် အမေရိကန်အောက်လွတ်တော် ဥက္ကဋ္ဌနှင့် ပြေရေးဆိုခွင့်ရပုဂ္ဂိုလ် From Wikipedia, the free encyclopedia
နန်စီ ပက်ထရစ်ရှာ ပလိုစီ (၁၉၄၀-) သည် အမေရိကန် ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးသမားတဦးဖြစ်ပြီး အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ထိုရုံး၌ ပထမဆုံးအမှုထမ်းသောအမျိုးသမီးဖြစ်ပြီး လွှတ်တော်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကွန်ဂရက်သို့ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ အမေရိကန်သမိုင်းတွင် ရွေးကောက်ခံအဖြစ် အမြင့်ဆုံးနေရာရသည့် အမျိုးသမီး ဖြစ်သည်။ အောက်လွှတ်တော်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သဖြင့် သမ္မတနေရာအား စဉ်ပါက ဒုတိယသမ္မတအောက်တွင် ရှိသည် (ဒုသမ္မတမရှိလျှင် သမ္မတနေရာ ဝင်ရမည့်သူ ဖြစ်သည်) ။ [1]
Nancy Pelosi | |
---|---|
Official portrait, 2019 | |
52nd အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်၏ နာယက | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၀၁၉ ဇန်နဝါရီ ၃ | |
သမ္မတ | ဒေါ်နယ်လ် ထရမ့် ဂျိုး ဘိုက်ဒန် |
ယခင်လူ | ပေါလ် ရိုင်ယန် |
တာဝန်သက်တမ်း ၂၀၀၇ ဇန်နဝါရီ ၄ – ၂၀၁၁ ဇန်နဝါရီ ၃ | |
သမ္မတ | ဂျော်ဂျ် ဒဘလျူ ဘုရှ် ဘာရက် အိုဘားမား |
ယခင်လူ | Dennis Hastert |
ဆက်ခံသူ | John Boehner |
အောက်လွှတ်တော်လူနည်းစုခေါင်းဆောင် | |
တာဝန်သက်တမ်း ၂၀၁၁ ဇန်နဝါရီ ၃ – ၂၀၁၉ ဇန်နဝါရီ ၃ | |
လက်ထောက် | Steny Hoyer |
ယခင်လူ | John Boehner |
ဆက်ခံသူ | Kevin McCarthy |
တာဝန်သက်တမ်း ၂၀၀၃ ဇန်နဝါရီ ၃ – ၂၀၀၇ ဇန်နဝါရီ ၃ | |
လက်ထောက် | Steny Hoyer |
ယခင်လူ | Dick Gephardt |
ဆက်ခံသူ | John Boehner |
ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် သီးသန့်အဖွဲ့ငယ်ခေါင်းဆောင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၀၀၃ ဇန်နဝါရီ ၃ | |
လက်ထောက် |
|
ယခင်လူ | Dick Gephardt |
House Minority Whip | |
တာဝန်သက်တမ်း ၂၀၀၂ ဇန်နဝါရီ ၁၅ – ၂၀၀၃ ဇန်နဝါရီ ၃ | |
ခေါင်းဆောင် | Dick Gephardt |
ယခင်လူ | David Bonior |
ဆက်ခံသူ | Steny Hoyer |
ကယ်လီဖိုးနီးယားပြည်နယ်မှ ရွေးကောက်ခံ အောက်လွှတ်တော်ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၉၈၇ ဇွန် ၂ | |
ယခင်လူ | Sala Burton |
မဲဆန္ဒနယ် |
|
ကယ်လီဖိုးနီးယား ဒီအိုကရက်တစ်ပါတီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁၉၈၁ ဖေဖော်ဝါရီ ၂၇ – ၁၉၈၃ ဧပြီ ၃ | |
ယခင်လူ | Richard J. O'Neill |
ဆက်ခံသူ | Peter Kelly |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Nancy Patricia D'Alesandro မတ် ၂၆၊ ၁၉၄၀ အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ ဘောလ်တီမောမြို့ |
နိုင်ငံရေးပါတီ | ဒီမိုကရက်တစ် |
ကြင်ဖော်(များ) | Paul Pelosi (လက်ထပ် 1973) |
သားသမီး | ၅ ဦး |
မိဘ |
|
ဆွေမျိုးသားချင်း | Thomas D'Alesandro III (အကို/ညီ) |
နေထိုင်ရာ | ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စ္စကို |
ပညာရေး | ထရင်နတီ ဝါရှင်တန်တက္ကသိုလ် (ဝိဇ္ဇာဘွဲ့) |
လက်မှတ် | |
ဝက်ဘ်ဆိုဒ် |
အထက်လွှတ်တော်အမတ်သက်တမ်း ၁၇ နှစ် ရှိနေပြီး လက်ရှိတွင် ကာလီဖိုးနီးယားပြည်နယ်၏ ၁၂ ခုမြောက် ကွန်ဂရက် မဲဆန္ဒနယ်မှ အရွေးခံထားခြင်း ဖြစ်သည်။ ထိုနေရာမှာ ဆန်ဖရန်စ္စကို၏ ငါးပုံလေးပုံခန့်ပါသော ဧရိယာဖြစ်သည်။ ကနဦး (၁၉၈၇-၁၉၉၃) ရွေးကောက်ခံနယ်မြေမှာ ငါးခုမြောက် မဲဆန္ဒနယ် ဖြစ်သည်။ ၁၉၉၀ တွင် သန်းခေါင်စာရင်းကောက်ပြီး နယ်မြေများ ပြန်ခွဲရာ နောက်တကြိမ် (၁၉၉၄-၂၀၁၃) ရွေးကောက်ခံရာ၌ ၈ ခုမြောက် မဲဆန္ဒနယ်မှ အရွေးခံသည်။
အီရတ်စစ်ပွဲအတွက် အဓိကအတိုက်အခံ ဖြစ်ခဲ့သည်။ ပထမဦးဆုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်စဉ် အရေးပါသော ဥပဒေများ အသက်ဝင်အောင် ဆောင်ရွက်သည်။ စရိတ်သက်သာသောကျန်းမာရေးစောင့်ရှောက်မှုအက်ဥပဒေ၊ ဒေါ့-ဖရန့် ဝေါလမ်း ပြုပြင်ပြောင်းလဲရေး၊ စားသုံးသူအကာအကွယ်ပေးရေးအက်ဥပဒေ, မမေးမပြောအား ပယ်ဖျက်သော အက်ဥပဒေ၊ အမေရိကန်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်ရင်းနှီးမြှုပ်နှံရေး အက်ဥပဒေတို့အပြင် ကမ္ဘာ့ကြီးပွားပျက်ကပ်ကြောင့် ငိုင်နေသော စီးပွားရေးကို ပြန်လှုပ်နိုင်ခဲ့သည့် ၂၀၁၀ အခွန်သက်သာခွင့်အက်ဥပဒေလည်း ပါသည်။
၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်ကို လက်လွှတ်လိုက်ရရာ ၂၀၁၁ ခု၊ ဇန်နဝါရီလတွင် ပြောရေးဆိုခွင့် လက်လွှတ်ရသည်။ သို့သော် ဒီမိုကရက်တစ်အင်အားစု၏ ခေါင်းဆောင်နေရာကို ဆက်ထိန်းထားပြီး လူနည်းစုခေါင်းဆောင် ပြန်ဖြစ်သွားသည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်များအောက်လွှတ်တော်တွင် နိုင်သည်။ [2] ထို့နောက် ၁၁၆ ကြိမ်မြောက် ကွန်ဂရက်ပြန်စရာ ၂၀၁၉ ခု၊ ဇန်နဝါရီလ ၃ ရက်တွင် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြန်ဖြစ်လာသည်။ [3] ၁၉၅၅ ခုက ဆမ် ရေးဘန်းနောက်ပိုင်း ထိုသို့ နေရာပြန်ရသည့် ပထမဆုံးလူ ဖြစ်လာသည်။ ပလိုစီ၏ ဦးဆောင်မှုအောက်တွင် သမ္မတ ဒေါ်နယ်လ် ထရမ့်ကို သမ္မတရာထူးမှ ဖယ်ရှားခြင်း ပထမအကြိမ် (၂၀၁၉ ဒီဇင်ဘာ) ၊ သမ္မတရာထူးမှ ဖယ်ရှားခြင်း ဒုတိယအကြိမ် (၂၀၂၁ ဇန်နဝါရီ) တို့ကို အောက်လွှတ်တော်မှ ဆောင်ရွက်ခဲ့ကြသော်လည်း နှစ်ကြိမ်စလုံး၌ ဆီးနိတ် (အထက်လွှတ်တော်) က သမ္မတကို အပြစ်မရှိကြောင်း ထိုရာထူးဖယ်ရှားခြင်းကို ပယ်ဖျက်ခဲ့ကြသည်။[4]
၂၀၂၁ ဇန်နဝါရီ ၃ တွင် သူမ၏ နောက်ဆုံးတာဝန်ယူခြင်းဖြစ်နိုင်သော စတုတ္ထအကြိမ် လွှတ်တော်နာယကအဖြစ် ရွေးချယ်ခံရပြန်သည်။ နောက်ထပ်လေးနှစ်သက်တမ်းထက် ပို၍ မထမ်းဆောင်တော့ဟု ကြေညာခဲ့သည်။[5][6][7] ၂၀၂၂ ဩဂုတ်လ ၃ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အစိုးရ၏ အပြင်းအထန် ကန့်ကွက်ခဲ့သည့်ကြားမှ သူမ၏ အာရှခရီးစဉ်အဖြစ် ထိုင်ဝမ်သို့သွားရောက်ခဲ့ရာ ၂၅ နှစ်အတွင်း ထိုင်ဝမ်သို့အလည်ပတ်ခဲ့သော ရာထူးအကြီးဆုံးအစိုးရအမှုထမ်းဖြစ်လာသည်။[8][9]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.