နိုဘယ်ဆု (အင်္ဂလိပ်: Nobel Prizes; ဆွီဒင်: Nobelpriset; နော်ဝေ: Nobelprisen) သည် အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ်တစ်ခု ဖြစ်ပြီး၊ ဆုအမျိုးအစားပေါင်း များစွာရှိသော်လည်း အဓိကဆုများမှာ ယဉ်ကျေးမှုဆိုင်ရာ (သို့) သိပ္ပံပညာရပ် တိုးတက်ကျယ်ပြန့်မှုများအတွက် အပ်နှင်းလေ့ရှိသည်။ လူသားမျိုးနွယ်အပေါ် အကျိုးသက်ရောက်စေရန် ဓာတုဗေဒပညာရှင်၊ တီထွင်သူတစ်ဦးနှင့် ဆွီဒင်လူမျိုးဖြစ်သည့် အဲလ်ဖရက် နိုဘယ်က "လူသားမျိုးနွယ်အတွက် အကျိုးပြုသက်ရောက်မှု ပြုနိုင်သောသူများကို ဆုချီးမြှင့်ဖို့" ဆိုပြီး သူကွယ်လွန်ခဲ့သည့် ၁၈၉၅ ခုနှစ်တွင် သေတမ်း အမှာစာချန်ခဲ့သည်။ သူကသည် ၁၈၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ပြီးနောက်၌ သူကျန်ရစ်ခဲ့သော အမွေးများကို ဆုအမျိုးအစား (၅) မျိုးဖြင့် ခွဲဝေပေးအပ်ရန် ရေးသားထားသည်။ ၎င်းဆုကို နောက်တွင် "နိုဘယ်ဆု" ဟု အမည်မှည့်ကြသည်။ ဆုအမျိုးအစားများမှာ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝကကမ္ဗဗေဒ (သို့) ဆေးပညာ၊ စာပေနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆုများ ဖြစ်ကြသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို နိုဘယ်ကိုယ်တိုင်က "နိုင်ငံများအကြား မိတ်သဟယရှိစေရန် ကြိုးပမ်းဆောင်ရွက်သော အကောင်းဆုံးလူ၊ စစ်သားထားရှိမှုကို လျော့ချစေသူ (သို့) ပပျောက်စေသူနှင့် ငြိမ်းချမ်းရေးစုရပ်များကို မြှင့်တင်ဆောင်ရွက်သူ" ကို ပေးအပ်ဖို့ မှာကြားခဲ့သည်။ နိုဘယ်ဆုများကို ၁၉၀၁ ခုနှစ်မှ စတင်ပေးအပ်ခဲ့သည်။[1] ၁၉၆၈ ခုနှစ်တွင် ဆွီဒင်ဗဟိုဘဏ် (Sveriges Riksbank) က နိုဘယ်ကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် စီးပွားရေးသိပ္ပံဆိုင်ရာနိုဘယ်ဆုကို စတင်ပေးအပ်ခဲ့သည်။ ယင်းဆုကို နိုဘယ်ဖောင်ဒေးရှင်က စီစဉ်ဆောင်ရွက်သည်။ နိုဘယ်ဆုများသည် လုပ်ငန်းနယ်ပယ်အလိုက် ရရှိနိုင်သော နာမည်အကြီးဆုံးဆုများအဖြစ် အသိအမှတ်ပြုကြသည်။

အချက်တိုများ နိုဘယ်ဆု The Nobel Prize, ဆုပေးအပ်ခြင်းအကြောင်း ...
နိုဘယ်ဆု
The Nobel Prize
Thumb
ဆုပေးအပ်ခြင်းအကြောင်းရူပဗေဒဓာတုဗေဒ၊ ရသစာပေ၊ ငြိမ်းချမ်းရေးနှင့် ဇီဝကမ္မဗေဒ (သို့) ဆေးပညာ တို့ဖြင့် လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသောသူများ အတွက် နိုဘယ်ဆုနှင့် စီးပွားရေးသိပ္ပံ အတွက် နိုဘယ်ဆု
ဆုတံဆိပ်ပေးအပ်သူဆွီဒစ်ပညာ့တံခွန်အသင်း
နိုဘယ်ဆုကော်မတီ (ဆွီဒင်တော်ဝင်သိပ္ပံ အကယ်ဒမီ)
နိုဘယ်ကော်မတီ (ကာရိုလင်စကာ သိပ္ပံ)
နော်ဝေနိုဘယ်ကော်မတီ
နိုင်ငံ ဆွီဒင်,
 နော်ဝေ (ငြိမ်းချမ်းရေး ဆုတစ်မျိုးသာ)
ပထမဆုံးဆုတံဆိပ်၁၉၀၁
၁၉၆၉ (စီးပွားရေးသိပ္ပံ)
ဝက်ဘ်ဆိုဒ်nobelprize.org
ပိတ်ရန်
နှစ်စဉ် နိုဘယ်ဆု မည်သူမည်ဝါရရှိသည်ကို အတွက် နိုဘယ်ဆုရှင်များ ဇယား ကို ကြည့်ပါ။
နှစ်စဉ် ငြိမ်းချမ်းရေး နိုဘယ်ဆု မည်သူမည်ဝါရရှိသည်ကို အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုရှင်များ ကို ကြည့်ပါ။

ဆုအမျိုးအစားများ

နိုဘယ်ဆုများကို အောက်ပါ အဖွဲ့အစည်းများမှ ဆုံဖြတ်ပေးအပ်သည်။

  • ရူပဗေဒပညာအတွက် နိုဘယ်ဆုကို တော်ဝင်ဆွီဒင်သိပ္ပံပညာအကယ်ဒမီကျောင်း (Royal Swedish Academy of Sciences) မှ ရွေးချယ်ချီးမြှင့်ပြီး၊ စီးပွားရေးသိပ္ပံပညာတွက် ဆွီဒင်ဗဟိုဘဏ်မှ အဲလ်ဖရက်နိုဘယ်ကို အောက်မေ့သောအားဖြင့် ချီးမြှင့်ပေးအပ်သည်။
  • ဓာတုဗေဒပညာအတွက် နိုဘယ်ဆိုကို တော်ဝင်ဆွီဒင်သိပ္ပံပညာအကယ်ဒမီကျောင်း (Royal Swedish Academy of Sciences) မှ ရွေးချယ်ချီးမြှင့်သည်။
  • ဇီဝကမ္မပညာ (သို့) ဆေးပညာအတွက် နိုဘယ်ဆိုကို ကာရိုလင်စကာသိပ္ပံကျောင်း (Karolinska Institute) မှ ရွေးချယ်ချီးမြှင့်သည်။
  • စာပေအတွက် နိုဘယ်ဆိုကို ဆွီဒင်အကယ်ဒမီ (Swedish Academy) မှ ရွေးချယ်ချီးမြှင့်သည်။
  • ငြိမ်းချမ်းရေးနိုဘယ်ဆုကို နော်ဝေနိုင်ငံလွှတ်‌တော်ပါလီမန်မှာ ခန့်အပ်ထားသော နော်ဝေနိုင်ငံနိုဘယ်ဆုကော်မတီမှ ရွေးချယ်ချီးမြှင့်သည်။

မူလတွင် စီးပွားရေးသိပ္ပံပညာအတွက် နိုဘယ်ဆု မရှိခဲ့ပေ။ ၁၉၆၈ ခုနှစ်မှ စပြီး အဲလ်ဖရက်နိုဘယ်ကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် ဆွီဒင်ဗဟိုဘဏ်က နိုဘယ်ဖောင်ဒေးရှင်ထံ ဆုကြေးငွေကို နှစ်စဉ်မတည်လှူတန်းထားသည်။

ပေးအပ်သည့် ဆုများ

  • ဆုတံဆိပ် (Medal)
  • ဂုဏ်ပြုမှတ်တမ်းလွှာ (Diploma)
  • ဆုကြေးငွေ (Money)

အဲလ်ဖရက် နိုဘယ်

နိုဘယ်ဆုသည် ဆွီဒင် နိုင်ငံသား အဲလ်ဖရက် နိုဘယ်(Alfred Nobel) အား အကြောင်းပြု၍ ပေါ်ပေါက်လာခဲ့သည်။ နိုဘယ်သည် ၁၈၃၃ တွင် ဖွားမြင်၍ ၁၈၉၆ တွင် ကွယ်လွန်သည်။ သူ့အဖသည် သိပ္ပံသုတေသနပညာရှင်ဖြစ်၍ သူ့အမိသည် စာပေဝါသနာပါသူ ဖြစ်သည်။ နိုဘယ်သည် ကျန်းမာရေးကောင်းလှသူ မဟုတ်ချေ။ ငယ်စဉ်အခါကပင် ကျန်းမာရေးချို့တဲ့သူ ဖြစ်သည်။ နာဖျားမကျန်း ဖြစ်သည့်အခါ အမိပြောပြသော ဆွီဒင်ရှေးဟောင်းပုံပြင်တို့ကို နားထောင်၍ သက်သာရာ သက်သာကြောင်းကို ရှာတတ်သည်။ ကြီးပြင်းသောအခါ အဖကဲ့သို့ သိပ္ပံပညာ၌ စိတ်ဝင်စားသည်။ အထူးသဖြင့် ဓာတုဗေဒရူပဗေဒ၊ စက်မှုအင်ဂျင်နီယာတို့၌ စိတ်ဝင်စားသည်။ အတွေးအခေါ်၌ ဝါသနာပါသော၊ အာဝဇ္ဇန်း ရွှင်သော၊ ပုံပြောကောင်းသောသူ ဖြစ်သည်ဟုလည်း သိရသည်။ အမေရိကန်ပြည်ထောင်စုသို့ သွား၍ နာမည်ကျော် အင်ဂျင်နီယာ ဆရာကြီးတစ်ဦးထံ၌ စက်မှုအင်ဂျင်နီယာကို ပူးပူးကပ်ကပ် သင်ယူသည်။ ဆွီဒင်နိုင်ငံသို့ ပြန်ရောက်သောအခါ လူသုံးပစ္စည်း အမျိုးမျိုးကို တီထွင်သည်။ သူ အထူးတီထွင်သော အရာသည် ဒိုင်းနမိုက်ခေါ် ယမ်းဘီလူး ဖြစ်သည်။ တီထွင်ခါစတွင် တူးမြောင်းများ တူးဖော်ရေးအတွက်လည်းကောင်း၊ ကျောက်တောင်များ၌ မီးရထားသွား လိုဏ်ခေါင်းဖောက်ရေးအတွက်လည်းကောင်း မြေကြီးနှင့် ကျောက်တောင်တို့ကို ဖောက်ခွဲရန် ယမ်းဘီလူးကို အသုံးများကြသည်။ သူ၏ တီထွင်မှုအမျိုးမျိုးကို အကြောင်းပြုလျက် နိုဘယ်သည် ကမ္ဘာပေါ်၌ အချမ်းသာဆုံး သူဌေးများတွင် တစ်ဦးအပါအဝင် ဖြစ်လာသည်။

နောင်အခါ ယမ်းဘီလူးကို စစ်ခင်းနိုင်ငံများသည် စစ်ပွဲများ၌ အသုံးပြုလာကြသောကြောင့် သူ့ယမ်းဘီလူးသည် လူ့လောက ပျက်စီးရာ ပျက်စီးကြောင်းလည်း ဖြစ်ရသည်ကို တွေ့လာသောအခါ နိုဘယ်သည် ပြင်းစွာ တုန်လှုပ်၍ စိတ်မချမ်းမသာ ဖြစ်ရှာသည်။ ထို့ကြောင့် လူ့လောက ငြိမ်းချမ်း တိုးတက်မှု ရှိလာစေသော ဆန္ဒဖြင့်လည်းကောင်း၊ မေတ္တာစိတ်၊ ကရုဏာစိတ် ပျံ့နှံ့မှု ရှိလာစေသော ဆန္ဒဖြင့် လည်းကောင်း သူ့စည်းစိမ်တစ်ခုလုံးကို လှူဒါန်းခဲ့သည်။

နိုဘယ်သည် သူမကွယ်လွန်မီ ၁နှစ်အလိုဖြစ်သော ၁၈၉၅ ခုတွင် တစ်ကမ္ဘာလုံးက အံ့အားသင့်ရသော သေတမ်းစာကို ရေးခဲ့သည်။ ထိုသေတမ်းစာအရ သိရသည်မှာ ရင်းနှီးမတည်ငွေ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းစေ၍ ထိုအဖွဲ့အစည်းသို့ သူ့စည်းစိမ်တစ်ခုလုံးကို အပ်နှင်းကြောင်း၊ သူ့စည်းစိမ်ကို အရင်းအနှီးပြုလျက် ထိုအရင်းအနှီးမှ နှစ်စဉ်ရသော အကျိုးအမြတ်ငွေများကို ငါးစု အညီအမျှခွဲလျက် (၁) ရူပဗေဒဖြင့်လည်းကောင်း၊ (၂) ဓာတုဗေဒဖြင့်လည်းကောင်း၊ (၃) ဆေးပညာဖြင့်လည်းကောင်း၊ (၄) ရသစာပေဖြင့်လည်းကောင်း၊ (၅) ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ဖြင့်လည်းကောင်း လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသော ပုဂ္ဂိုလ်ငါးဦးကို အဆိုပါ အဖွဲ့အစည်းက နှစ်စဉ်နှစ်တိုင်း ရွေးချယ်၍ ဆုချီးမြှင့်စေလိုကြောင်း သိရသည်။ နှစ်စဉ်ရရှိသော အကျိုးအမြတ်ငွေ အင်အားအလိုက် ဆုတစ်ဆုလျှင် ယခုအခါ၌ ဒေါ်လာတစ်သိန်းကျော် တန်နေပြီဟု သိရသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.