နယူးကလိယား ရူပဗေဒ
From Wikipedia, the free encyclopedia
နယူးကလိယား ရူပဗေဒ သည် အက်တော့မစ် နယူကလိယနှင့် ယင်းတို့၏ ပါဝင်ပစ္စည်း၊ အပြန်အလှန်သက်ရောက်မှုများကို လေ့လာသော ဘာသာရပ်ဖြစ်သည်။[1] နယူးကလိယား ရူပဗေဒကို အက်တောမစ် ရူပဗေဒနှင့် မရောထွေးသင့်ပေ။ ယင်းကား အက်တမ်တစ်ခုလုံးနှင့် အီလက်ထရွန်များကို လေ့လာသည်။ နယူးကလိယား ရူပဗေဒ၏ လူသိအများဆုံး လုပ်ငန်းသုံးများမှာ နယူးကလိယားစွမ်းအား ထုတ်လုပ်ရေး၊ နယူးကလိယား ဆေးဘက်သုံး၊ နယူးကလိယား လက်နက်၊ ပထဝီဝင်ဘာသာရှိ ရေဒီယိုကာဗွန် ရက်စွဲလိုက်ရှာမှုတို့ဖြစ်ကြသည်။ နယူးကလိယား ရူပဗေဒနှင့် နီးစပ်သော လုပ်ငန်းသုံးမှာ နက္ခတ္တရူပဗေဒဖြစ်ပြီး နက္ခတ္တရူပဗေဒပညာရှင်များအတွက် ကြယ်များကို လေ့လာကြသည်။