အက်တမ်
အရာ၀တ္ထု၊အစိတ်အပိုင်းတခု၏ အသေးငယ်ဆုံးသောပမာဏ / From Wikipedia, the free encyclopedia
အက်တမ် (အင်္ဂလိပ်: Atom) ဆိုသည်မှာ ဗဟိုဆန် (nucleus) နှင့်တကွ ဘေးသားအဖြစ် အီလက်ထရွန်တို့ အတူတကွ စုဖွဲ့ထားသော ဒြပ်သားအစုအဝေးဖြစ်သည်။ ၎င်း၌ ပါဝင်သော ပရိုတွန်နှင့် အီလက်ထရွန်တို့ အရေအတွက် တူညီသဖြင့် အက်တမ်တစ်ခုလုံး၏ အသားတင်လျှပ်ဓာတ်မှာ သုည ဖြစ်နေမည်။ (ထိုသို့ ဖြစ်မနေလျှင် ၎င်းအစုအဝေးက အက်တမ်မမည်တော့ဘဲ အိုင်းယွန်း ဖြစ်သည်။) ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ သက်ရှိ၊ သက်မဲ့၊ ဒြပ်စင်၊ ဒြပ်ပေါင်း အမျိုးမျိုးကို အက်တမ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သေးငယ်သောအဆင့်၌ အက်တမ်များ စုဖွဲ့ထားခြင်းရလဒ် အမှုန်ကို မော်လီကျူးဟု ခေါ်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(23 Jul 2021) |