ပန်းပွင့်သော အပင်
From Wikipedia, the free encyclopedia
ပန်းပွင့်သော အပင်များ (Angiosperms) သို့မဟုတ် Angiospermae (/ˌændʒioʊˈspɜːrmiː/),[5][6] သည် ကုန်းမြေတွင် ပေါက်ရောက်သောအပင်များ (Embryophyte) ဖြစ်ကြပြီး မျိုးစဉ် (order) ၆၄ ခု၊ မျိုးရင်း (Family) ၄၁၆ ခု၊ မျိုးစု (Genus) ၁၃၀၀၀ နှင့် မျိုးစိတ် (species) ၃၀၀၀၀၀၀ ရှိသော အပင်များဖြစ်ကြသည်။[7] ပန်းပွင့်သောအပင်များသည် အစေ့ထုတ် အပင်များ (Spermatophyte) ဖြစ်ကြသည်။[8]
ပန်းပွင့်သော အပင် | |
---|---|
ကွဲပြားသည့် ပန်းပွင့်သောအပင်များ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Groups (APG IV)[1] | |
Basal angiosperms
Core angiosperms
| |
Synonyms | |
ပန်းပွင့်သောအပင်များသည် အစေ့ထုတ်အပင်တမျိုးဖြစ်သော gymnosperm မှ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ မီလီယံအကြာက ဆင်းသက်လာခဲ့ကြသည်။ အစောဆုံး ပန်းပွင့်သောအပင်၏ ဝတ်မှုန်မှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃၄ မီလီယံအကြာက ပေါ်ပေါက်ခဲ့သည်ဟု မှတ်တမ်းတွေ့ရသည်။ ယင်းတို့သည် လွန်ခဲ့သောနှစ်သန်းပေါင်း ၁၂၀ အကြာတွင် ပျံ့နှံ့ပေါက်ရောက်ခဲ့ကြပြီး ကိုနီဖာပင် (Conifer) များကို အစားထိုးကာ လွန်ခဲ့သောနှစ်သန်းပေါင်း ၆၀ မှ ၁၀၀ ကြား၌ လွှမ်းမိုးသောအပင်များအဖြစ် ပေါက်ရောက်ခဲ့သည်။