ပလေးစတေရှင် ဗီတာ
From Wikipedia, the free encyclopedia
ပလေးစတေရှင် ဗီတာ (プレイステーション・ヴィータ|PlayStation Vita|တရားဝင် PS Vita) သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment)မှ ထုတ်လုပ်ပြီး ဈေးကွက်ဖြန့်ချိခဲ့တဲ့ လက်ကိုင်ဂိမ်းစက် အမျိုးအစားတစ်ခုဖြစ်သည်။[1] `၎င်းသည် ပလေးစတေရှင် အုပ်စုဝင် ဂိမ်းစက် အမျိုးအစားတစ်ခုဖြစ်ပြီး ပလေးစတေရှင် ပေါ့တေးဘဲလ် (PSP) ၏ နောက်ထုတ်ဂိမ်းစက်ဖြစ်သည်။ ၎င်းသည် ဒီဇင်ဘာ ၁၇၊ ၂၀၁၁က ဂျပန်နှင့် အာရှတိုက်တစ်ဝန်းတွင် စတင်ဖြန့်ချိခဲ့သည်။ [2]ဥရောပ၊ မြောက်အမေရိက၊တောင်အမေရိက နှင့် စင်္ကာပူနိုင်ငံတို့တွင် ၂၂ရက်၊ ဖေဖော်ဝါရီလ ၂၀၁၂မှ ဖြန့်ချိခဲ့ပြီး ဩစတေးလျတွင် ဖေဖော်ဝါရီ ၂၃၊ ၂၀၁၂မှ ဖြန့်ချိခဲ့သည်။ ၎င်းသည် ရှစ်ခုမြောက် ဂိမ်းဆက်မျိုးဆက်အဖြစ် နစ်တန်းဒိုး သရီးဒီအက်စ်နဲ့ ယှဉ်ပြိုင်ရန် အဓိကဖြစ်ခဲ့သည်။
ထုတ်လုပ်သူ | ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး (Sony Computer Entertainment) |
---|---|
ပစ္စည်းအုပ်စု | PlayStation |
ပစ္စည်းအမျိုးအစား | လက်ကိုင်ဂိမ်းစက် အမျိုးအစား |
မျိုးဆက် | ရှစ်ခုမြောက်မျိုးဆက် |
ဖြန့်ချီသည့်နေ့ | JPN ဒီဇင်ဘာ၊ ၂၀၁၁ NA ဖေဖော်ဝါရီ ၁၅၊ ၂၀၁၂ (First Edition Bundle only) NA ဖေဖော်ဝါရီ 22၊ ၂၀၁၂ EU ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ AUS ဖေဖော်ဝါရီ ၂၃၊ ၂၀၁၂ |
မီဒီယာ | PlayStation Vita ကဒ် |
စီပီယူ | 4-core ARM Cortex-A9 MPCore |
မှတ်ဉာဏ် | 512 MB RAM, 128 MB VRAM |
သိုလှောင်နိုင်မှုစွမ်းအား | PS Vita memory card (4, 8, 16 or 32 GB) |
ပြသပေးနိုင်မှု | 5-လက်မ အိုအယ်အီးဒီ multi-touch capacitive touchscreen၊ ၃၂ ဗိုက်ဒ် အရောင်, ၉၆၀ × ၅၄၄ qHD @ ၂၂၀ ppi |
ဂရပ်ဖစ်အမျိုးအစား | 4-core SGX543MP4+ |
Input | |
ကင်မရာ | အရှေ့ နှင့် အနောက် ၁.၃MP ကင်မရာများ |
အွန်လိုင်းဝန်ဆောင်မှု | Playstation နက်ဝေါ့ခ် |
အရွယ်အစား | ၈၃.၅၅ မီလီ (အမြင့်) ၁၈၂ မီလီ (အကျယ်) ၁၈.၆မီလီ (အထူ) |
အလေးချိန် | Wi-Fi: ၂၆၀ ဂရမ် (၉.၂ အောင်စ) 3G: ၂၇၉ ဂရမ် (၉.၈ အောင်စ) |
အရောင်းရဆုံးဗွီဒီယိုဂိမ်း | Uncharted: Golden Abyss |
နောက်ကြောင်းပြန် လိုက်လျောညီထွေဖြစ်မှု | PlayStation Portable (PSN) ဂိမ်းများ |
ယခင်အမျိုးအစား | ပလေးစတေရှင် ပေါ့တေးဘဲလ် |
ကန့်သတ်ရောင်းချမှုအဖြစ် PSVita 3G စက်များကို မြောက်အမေရိက၌ တရားဝင်ထုတ်လွှင့်မည့်နေ့ထက် တစ်ပတ်စောပြီး ၁၅ရက်၊ ဖေဖော်ဝါရီလ ၂၀၁၂ တွင် ထုတ်လွှင့်ခဲ့သည်။ ကန့်သတ်ရောင်းချမှု ပါကင်၌ ပါဝင်ခဲ့သော ပစ္စည်းများမှာ 3G အမျိုးအစား ပီအက်စ် ဗီတာ၊ Little Deviants ဂိမ်း the game၊ စက်သယ်ဆောင်ရယ် အကာနှင့် 4GB memory card တစ်ကဒ်ဖြစ်သည်။[3]