ပေါက်တောမြို့နယ်
From Wikipedia, the free encyclopedia
ပေါက်တောမြို့နယ် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ပေါက်တောမြို့ ဖြစ်သည်။
အချက်တိုများ ပေါက်တောမြို့နယ်, နိုင်ငံ ...
ပေါက်တောမြို့နယ် | |
---|---|
မြို့နယ် | |
စစ်တွေခရိုင်အတွင်းတည်နေရာ | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင်ပြည်နယ် |
ခရိုင် | စစ်တွေခရိုင် |
မြို့နယ်ရုံးစိုက်ရာမြို့ | ပေါက်တောမြို့ |
လူဦးရေ (၂၀၁၄) | ၁၄၅,၉၅၇[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ပိတ်ရန်
ပေါက်တောမြို့နယ်သည် မူလက ဦးရာဇ်တောင် အရှေ့မြို့နယ်ဟု အမည်တွင်ခဲ့သည်။ ၁၈၉၀-ပြည့်နှစ်တွင် ပေါက်တောမြို့နှင့်အတူ မြို့နယ်ဖြစ်လာသည်။ ကျေးရွာအုပ်စု ၅၃-စု၊ ရွာငယ် ၁၆၆-ရွာ၊ စပါးစိုက် ဧရိယာ စတုရန်းမိုင် ၁၅၀-ကျော်၊ ပုဇွန်ကန် ၁၆၁၀-ကန်နှင့် မွေးမြူရေးဧရိယာ ၃၁၉၁၃-ဧက ရှိသည်။[2]