ဘဟားမားနိုင်ငံ
From Wikipedia, the free encyclopedia
ဘဟားမားစ်နိုင်ငံ၏ တရားဝင် နာမည်အပြည့်အစုံမှာ ဘဟားမားစ်ဓနသဟာယနိုင်ငံ (Commonwealth of The Bahamas) ဖြစ်သည်။ ကျွန်းပေါင်း(၂၉)ခု၊ သန္တာကျွန်းပေါင်း (၆၆၁)ခု၊ ရေပေါ်ကျောက်ဆောင်ပေါင်း (၂၃၈၇)ခုရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာထဲတွင် တည်ရှိသည်။ ကျူးဘားနိုင်ငံ နှင့် ဟစ္စပါနီယိုလာကျွန်း (ဒိုမီနီကန်သမ္မတနိုင်ငံ + ဟေတီနိုင်ငံ) တို့၏ မြောက်ဘက်၊ တာ့ခ်နှင့်ကိုင်ကော့စ်ကျွန်းများ၏ အနောက်မြောက်ဘက်၊ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၏ အရှေ့တောင်ဘက် တွင်တည်ရှိသည်။ ကုန်းမြေဧရိယာစုစုပေါင်း ၁၃၉၃၉စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ လူဦးရေစုစုပေါင်း ၃၃၀,၀၀၀ခန့်ရှိသည်။ မြို့တော်မှာ နာဆော (Nassau) ဖြစ်သည်။
ဘဟားမားစ် ဓနသဟာယ နိုင်ငံ Commonwealth of the Bahamas | |
---|---|
ဆောင်ပုဒ်: "Forward, Upward, Onward, Together" | |
နိုင်ငံတော် သီချင်း: "March On, Bahamaland" | |
မြို့တော် နှင့် အကြီးဆုံးမြို့ | နာဆောမြို့ 25°4′N 77°20′W |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ်ဘာသာ |
တိုင်းရင်းသားဘာသာစကား | ဘဟားမား ခရီရိုး[a] |
လူမျိုးစု (၂၀၁၀) | |
ကိုးကွယ်မှု |
|
Demonym | Bahamian |
အစိုးရ | ပြည်ထောင်စု နှစ်ပါတီ ပါလီမန် စည်းမျဉ်းခံဘုရင်စနစ်[3][4] |
• ဧကရာဇ် | ချားလ်စ် ဝေလမင်းသား |
• ဘုရင်ခံချုပ် | ဆာ ကော်နီလီယပ် အယ်ဗင် စမစ် |
• ဝန်ကြီးချုပ် | ဟူးဘက် မင်နစ် |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
ဆီးနိတ် | |
House of Assembly | |
လွတ်လပ်ရေးရရှိခြင်း | |
၁၉၇၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်[5] | |
ဧရိယာ | |
• စုစုပေါင်း | ၁၃,၈၇၈ km2 (၅,၃၅၈ sq mi) (အဆင့်: ၁၅၅) |
• ရေထု (%) | ၂၈% |
လူဦးရေ | |
• ၂၀၁၆ ခန့်မှန်း | ၃၉၁,၂၃၂[6] (အဆင့် - ၁၇၇) |
• ၂၀၁၀ သန်းခေါင်စာရင်း | ၃၅၁,၄၆၁ |
• သိပ်သည်းမှု | ၂၅.၂၁/km2 (၆၅.၃/sq mi) (အဆင့် - ၁၈၁) |
GDP (PPP) | ၂၀၁၈ ခန့်မှန်း |
• စုစုပေါင်း | $၁၂.၆၁၂ ဘီလီယံ[7] (အဆင့် - ၁၄၈) |
• Per capita | $၃၃,၄၉၄[7] (အဆင့် - ၄၀) |
GDP (nominal) | ၂၀၁၈ ခန့်မှန်း |
• စုစုပေါင်း | $၁၂.၈၀၃ ဘီလီယံ[7] (အဆင့် - ၁၃၀) |
• Per capita | $၃၄,၁၀၂[7] (အဆင့် - ၂၆) |
HDI (၂၀၁၉) | ၀.၈၁၄[8] အလွန်မြင့် · ၅၈ |
ငွေကြေး | ဘဟားမား ဒေါ်လာ (BSD) (US dollarsအား ကျယ်ပြန့်စွာ လက်ခံထား) |
အချိန်ဇုန် | EST (UTC−5) |
• နွေရာသီ (DST) | EDT (UTC−4) |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +1 242 |
ISO 3166 ကုဒ် | BS |
Internet TLD | .bs |
ပထဝီဝင်အနေအထားအရ ဘဟားမားစ်ကျွန်းသည် ကျူးဘား၊ ဟစ္စပါနီယိုလာ၊ တာ့ခ်နှင့်ကိုင်ကော့စ်ကျွန်းများနှင့် နယ်မြေတစပ်တည်းဖြစ်သည်။
မူလအစက အာရာဝကန် တိုင်နို လူမျိုးများ နေထိုင်ကြသောဒေသဖြစ်သည်။ ဘဟားမားစ်သည် ၁၄၉၂တွင် ကမ္ဘာသစ်ကို ပထမဆုံးရှာတွေ့ခဲ့သော ကိုလံဘတ် ၏ ပထမဆုံးခြေချခဲ့သော နေရာလည်းဖြစ်သည်။ ဘဟားမားစ်ကို ကိုလိုနီနယ်အဖြစ်မသိမ်းပိုက်ခဲ့သော်လည်း ဒေသခံ ဘဟားမီးယန်းတိုင်နိုလူမျိုးများကို ဟစ္စပါနီယိုလာကျွန်းသို့ ကျွန်အဖြစ် သယ်ယူရောင်းချခဲ့သည်။ ဘဟားမားစ်ပိုင်ကျွန်းများသည် ၁၅၁၃မှ ၁၆၅၀ကြား ဗြိတိသျှများ အခြေလာချချိန်၌ ခြောက်သွေ့လျက် ရှိသည်။
၁၇၁၈တွင် ဘဟားမားစ်သည် ဗြိတိသျှအောက်ရောက်ခဲ့သည်။ အမေရိကန်လွတ်လပ်ရေး တိုက်ပွဲအပြီးတွင် ဗြိတိသျှအစိုးရသစ္စာတော်ခံများနှင့် ကျွန်အဖြစ်သွတ်သွင်းခြင်းခံကြရသော အာဖရိကန်လူမျိုးများသည် ဘဟားမားစ်ကျွန်းပေါ်သို့ပြောင်းရွှေ့လာကြပြီး စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ၁၈၀၇ခုနှစ်တွင် ဗြိတိသျှအင်ပါယာအတွင်း ကျွန်စနစ်ကို ဖျက်သိမ်းလိုက်သောအခါ ၁၉ရာစုနှစ်များအတွင်း တော်ဝင်ရေတပ်မှ အာဖရိကန်ကျွန်များသည် လွတ်မြောက်ကာ ဘဟားမားစ်ကျွန်းတွင် လာရောက်အခြေချနေထိုင်ကြသည်။ ဘဟားမားစ်ကျွန်းများပေါ်တွင်မူ ကျွန်စနစ်သည် ၁၈၃၄ခုနှစ်ကျမှသာ ဖျက်သိမ်းခဲ့သည်။