From Wikipedia, the free encyclopedia
မလွန်မြို့သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှ၏ တောင်ဘက်တွင် တည်ရှိသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၁၆၄-ပေတွင် တည်ရှိသည်။ မလွန်မြို့ဟောင်းသည် ဗုဒ္ဓသာသနာတော်နှင့် သက်ဆိုင်သော စိတ်ဝင်စားဖွယ်ကောင်းသည့် မြို့တစ်မြို့ ဖြစ်သည်။ "' မကွေးမှာ မြသလွန်၊ မလွန်မှာ မြသပိတ်ပါ"' ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော မြို့တစ်မြို့လည်း ဖြစ်သည်။
မလွန်မြို့တွင် ထူးခြားသော အချက်များစွာ ရှိသည်။ မလွန်မြို့ဟောင်း၏ ထူးခြားချက်များမှာ-
ကိုးဦးရှိကြောင်း လေ့လာတွေ့ရှိရသည်။
ထို့ပြင် မလွန်မြို့၏ မြသပိတ်စေတီတော်ကြီးနှင့်တကွ စေတီပေါင်း (၅၄)ဆူလည်း တည်ရှိသည်။ မလွန်မြို့သည် ရှေးယခင်က တောတောင်များဖြင့် ဆီးကာပိတ်ဖုံးခဲ့သော မြို့တစ်မြို့ ဖြစ်ခဲ့သည်။ ရှေးဟောင်းဂူကြီး ကိုးဂူမှာ -
ရှေးဟောင်းကျောင်း ကိုးကျောင်းမှာ -
သိမ်ကြီး ကိုးသိမ်မှာ -
မလွန်ရှိ တောင်ကုန်း ကိုးကုန်းမှာ-
မလွန်မြို့အား ဝိုင်းရံထားသော ရွာကြီး ကိုးရွာမှာ
မလွန်မြို့သည် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် မြန်မာတို့၏ စစ်လှေများ အခြေစိုက်ရာ စခန်းနှင့် တောင်ဘက်မြို့ရိုး သစ်လုံးခံတပ်တို့ဖြင့် နယ်ချဲ့တို့ကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့သော သမိုင်းဝင် မြို့တစ်မြို့ ဖြစ်ပေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.