ရှမ်းလူမျိုး
လူမျိုးစု / From Wikipedia, the free encyclopedia
ရှမ်းလူမျိုး (ရှမ်း: တႆး; ရှမ်းအသံထွက်: [táj], [ʃán lùmjó]) သည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် တိုင်းလူမျိုးနွယ် တစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် မြန်မာနိုင်ငံရှိ လူမျိုးစုကြီးတစ်ခုဖြစ်ပြီး[3] အဓိကအားဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နေထိုင်ကြကာ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေထိုင်ကြသလို တရုတ်နိုင်ငံ (ဒိုင်လူမျိုး)၊ လာအိုနိုင်ငံ၊ အာသံပြည်နယ် နှင့် မေဃာလယ (အာဟုမ်လူမျိုး)၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသော ဒေသများတွင်လည်း နေထိုင်ကြသည်။[4] ရှမ်းလူမျိုး အရေအတွက်ကို ၄ သန်းမှ ၆ သန်းအထိ ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီး[1][2] မြန်မာတစ်နိုင်ငံလုံး လူဦးရေစုစုပေါင်း၏ ၁၀% ခန့် ဖြစ်သည်။[3][5]
အချက်တိုများ လူဦးရေ စုစုပေါင်း, အများစု နေထိုင်သည့် နေရာ ...
ရှမ်းအမျိုးသားအလံ | |
ရှမ်းအမျိုးသမီးတစ်ဦး | |
လူဦးရေ စုစုပေါင်း | |
---|---|
၅ သန်းခန့် (ခန့်မှန်း)[1][2] | |
အများစု နေထိုင်သည့် နေရာ | |
မြန်မာ (အဓိကအားဖြင့် ရှမ်း) | ၅ သန်း [မှတ်စု 1][2] |
ဘာသာစကား | |
ရှမ်း၊ မြန်မာ၊ မြောက်ပိုင်းထိုင်း၊ ထိုင်း | |
ကိုးကွယ်မှု | |
ထေရဝါဒ ဗုဒ္ဓဘာသာ၊ ရှမ်းရိုးရာကိုးကွယ်မှုနှင့် ခရစ်ယာန်ဘာသာ | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
တိုင်အာဟုမ်၊ ရှမ်းတရုတ်၊ တိုင်းလူမျိုး၊ တိုင်းလာအို၊ Nung Bouyei, ဒွန်၊ တိုင်းထိုင်း |
ပိတ်ရန်