မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်
ကွန်ပျူတာ စက်လည်ပတ်ရေးစနစ် တစ်မျိုး / From Wikipedia, the free encyclopedia
Microsoft Windows (သို့မဟုတ် Windows) ဆိုသည်မှာ မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း မှထုတ်လုပ်သော ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် ကိုရည်ညွှန်းခြင်းဖြစ်သည်။ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းမှ Windows ဆိုသောအမည်ဖြင့် ယခင် MS-DOS တွင် Graphical User Interfaces (GUIs) များအပေါ် စိတ်ဝင်စား မှုကြီးထွား လာသည် နှင့်အမျှထပ်မံအဆင့်မြှင့်ကာ ၁၉၈၅ နိုဝင်ဘာလတွင်စတင် မိတ်ဆက်ခဲ့သည်။ Microsoft Windows သည် ကမ္ဘာ့ တစ်ကိုယ်ရေသုံးကွန်ပျူတာများ၏ ဈေးကွက်တွင် အချိန်တိုတိုဖြင့် ကြီးထွားစိုးမိုးလာနိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ် IDC conference မှာ IDC မှ Vice President ဖြစ်သူ Avneesh Saxena က Windows သည် လက်ရှိ Client Operatingsystem ဈေးကွက်မှာ ၉၀% ခန့်နေရာယူထားပြီလို့ ပြောကြားခဲ့သည်။ လက်ရှိ နောက်ဆုံး Windows ၏ client version အဖြစ် Windows 10 နေရာယူထားပြီး၊ Server version အဖြစ် Windows Server 2012 ကိုအသုံးပြုနေပြီဖြစ်သည်။
ဖန်တီးသူ | မိုက်ခရိုဆော့ဖ် |
---|---|
ပရိုဂရမ်းမင်းဘာသာစကား | C, C++, Assembly[1] |
လက်ရှိအခြေအနေ | Publicly released |
ရင်းမြစ်အမျိုးအစား | Closed / Shared source |
ကနဦးဖြန့်ချီခြင်း | နိုဝင်ဘာ ၂၀၊ ၁၉၈၅; ၃၈ နှစ် အကြာက (၁၉၈၅-၁၁-20)၊ Windows 1.0 အဖြစ် |
ဈေးကွက်ပစ်မှတ် | တစ်ကိုယ်ရေသုံးကွန်ပျူတာ |
ရရှိနိုင်မည့် ဘာသာစကားများ | ဘာသာစကား ၁၃၇ မျိုး[2] |
အဆင့်မြှင့်တင်မှုနည်းလမ်း |
|
Package manager | Windows Installer (.msi), Windows Store (.appx)[3] |
ပလက်ဖောင်းများ | ARM, IA-32, Itanium, x86-64 |
ကာနဲလ် အမျိုးအစား |
|
Default user interface | Windows shell |
လိုင်စင် | Proprietary commercial software |
ဝက်ဘ်ဆိုဒ် | windows.microsoft.com |