မဲခေါင်မြစ်
အရှေ့တောင်အာရှရှိ အဓိကမြစ်ကြီး / From Wikipedia, the free encyclopedia
အရှည် ၄,၈၀ဝ ကီလိုမီတာ ရှိသည့် မဲခေါင်မြစ် (အင်္ဂလိပ်: Mekong River) သည် အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းလာသည်။ ဤမြစ်သည် ဒေသအတွင်းရှိ အရှည်လျားဆုံး မြစ်တစင်းဖြစ်ပြီး၊ ၎င်းမြစ်ဖျားခံရာတိဘက်ဒေသမှ ဗီယက်နမ် မြစ်ဝှမ်းဒေသများအထိ လွှမ်းခြုံမှု ရှိသည်။ လူသန်းပေါင်း ၆ဝ ခန့်သည် မဲခေါင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များကို မှီ၍ အစားအသောက်၊ ရေနှင့် သယ်ယူပို့ဆောင်ရေးကိစ္စများအတွက် မြစ်ကို အသုံးပြုနေကြရသည်။ ထို့အပြင် မြစ်ကိုမှီ၍ နေ့စဉ် သက်မွေးဝမ်းကြောင်းကိစ္စအများကို ဆောင်ရွက်နေကြရပြီး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာအရလည်း အထူးအရေးပါသည့် မြစ်ဖြစ်သည်။ ထို့အပြင် မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် မျိုးစိတ်အကွဲပြားဆုံး ငါးများရရှိစေပြီး တံငါလုပ်ငန်းကိုလည်း အထောက်အကူပြုပါသည်။ ဘရာဇီးနိုင်ငံရှိ အမေဇုံမြစ်ပြီးလျှင် မဲခေါင်မြစ်သည် ငါးမျိုးစိတ် အစုံလင်ဆုံးသော မြစ်တစင်း ဖြစ်သည်။
မဲခေါင်မြစ် 湄公河 (Méigōng Hé) / 澜沧江 (Láncāng Jiāng) မဲခေါင်မြစ် (Megaung Myit) ແມ່ນ້ຳຂອງ (Maenam Khong) แม่น้ำโขง (Maenam Khong) ទន្លេមេគង្គ (Tônlé Mékôngk) Sông Mê Kông / Sông Cửu Long (九龍) | |
---|---|
မဲခေါင်မြစ်၊ လွမ်ပရာဘွမ်၊ လာအိုနိုင်ငံ။ | |
မဲခေါင်မြစ်ကျောတစ်လျှောက် | |
အခြားအမည်(များ) | 湄公河 (Méigōng Hé) / 澜沧江 (Láncāng Jiāng) မဲခေါင်မြစ် (Megaung Myit) ແມ່ນ້ຳຂອງ (Maenam Khong) แม่น้ำโขง (Maenam Khong) ទន្លេមេគង្គ (Tônlé Mékôngk) Sông Mê Kông / Sông Cửu Long (九龍) |
နိုင်ငံ | တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် |
အချက်အလက်များ | |
မြစ်ဖျားခံရာ | Lasaigongma (拉赛贡玛) Spring Mt. Guozongmucha (果宗木查), Zadoi, en:Yushu Tibetan Autonomous Prefecture, Qinghai, China ၅,၂၂၄ m (၁၇,၁၃၉ ft) 33°42.5′N 94°41.7′E |
စီးဝင်ရာနေရာ | မဲခေါင်မြစ်ဝှမ်း ဗီယက်နမ်နိုင်ငံ ၀ m (၀ ft) 10.189°N 106.749°E / 10.189; 106.749, 10.261291334222218°N 106.75297696603432°E / 10.261291334222218; 106.75297696603432 |
အလျား | ၄,၃၅၀ km (၂,၇၀၀ mi) |
စီးဆင်းမှု |
|
မြစ်ဝှမ်း အချက်အလက်များ | |
မြစ်ဝှမ်းအရွယ် | ၇၉၅,၀၀၀ km2 (၃၀၇,၀၀၀ sq mi) |
မြစ်လက်တက်များ |
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြားတွင် မဲခေါင်မြစ်က နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည် ဖြတ်သန်း စီးဆင်းသွားသည်။ ဤဒေသတွင် "ရွှေတြိဂံဒေသ" လည်း အပါအဝင်ဖြစ်ပြီး မြန်မာ-ထိုင်း-လာအို ၃-နိုင်ငံ ပေါင်းဆုံရာဒေသ ဖြစ်သည်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုကြောင့် လူသိများလှသည့် ဒေသလည်း ဖြစ်သည်။ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏ တောင်တန်းများပေါ်၌ ဌာနေတိုင်းရင်းသား ၂၂,၀၀ဝ ခန့် မှီတင်းနေထိုင်လျက် ရှိသည်။ ဤနေရာများမှာ ဝေးလံခေါင်သီလှပြီး အခါ၊ ရှမ်း၊ လားဟူ၊ လွယ်လ (ဆမ်တောင်)၊ တရုတ်နှင့် အင်းတိုင်းရင်းသားများ နေထိုင်လျက် ရှိသည်။
မဲခေါင်မြစ်သည် တရုတ်လူမျိုးများကဲ့သို့ပင်၊ လားဟူလူမျိုးများအတွက်လည်း အထူးအရေးပါလှပါသည်။ သူတို့က မဲခေါင် မြစ်ကို လန်ကန်း (Lancang) ဟု ခေါ်ကြသည်။ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူလူမျိုးများသည် ဤမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရှိ ကြသည်။[1]