မြစ်ကြီးနားမြို့
ကချင်ပြည်နယ် မြို့တော်၊မြန်မာနိုင်ငံ / From Wikipedia, the free encyclopedia
မြစ်ကြီးနားမြို့သည် မြန်မာပြည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မြစ်ကြီးနားမြို့၏ အထက် ၂၅ မိုင်ခန့်တွင် မေခ နှင့် မလိခ မြစ်သွယ် နှစ်ခု ပေါင်းဆုံသော မြစ်ဆုံ တည်ရှိပြီး ထိုမှတဆင့် ဧရာဝတီမြစ်ကြီးအဖြစ် မြစ်ဖျားခံကာ မြန်မာပြည်တံလျား မြောက်မှတောင်သို့ စီးဆင်းသည်။ မြစ်ကြီးနားမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၇၆ပေ တွင်တည်ရှိသည်။ ထိုသို့မြစ်ကြီး၏အနားတွင် ပေါ်ပေါက်ခဲ့သော မြို့ဖြစ်သဖြင့် မြစ်ကြီးနားမြို့ ဟုခေါ်တွင်သည်ဟု ဆိုသည်။ ရန်ကုန်မြို့ မှ ၉၁၉ မိုင်ကွာဝေးပြီး မန္တလေးမြို့ မှ ၄၈၇ မိုင် ကွာဝေးသော အေးချမ်းသာယာ လှပသည့် မြို့လေးတစ်မြို့ ဖြစ်သည်။ ဗန်းမော်မြို့မှ ၁၃၅ မိုင် နင့် ပူတာအိုမြို့မှ၂၁၈မိုင် ကွာဝေး၏။ မေခနှင့် မလိခမြစ်ဆုံမှ ၂၆ မိုင်ခန့်သာ ဝေးသည်။
အချက်တိုများ မြစ်ကြီးနားမြို့, နိုင်ငံအမည် ...
မြစ်ကြီးနားမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 25°22′N 97°23′E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ကချင် |
ခရိုင် | မြစ်ကြီးနား |
မြို့နယ် | မြစ်ကြီးနား |
လတ္တီကျု | (၂၅)ဒီဂရီ၊ (၂၂)မိနစ် |
လောင်ဂျီကျု | (၉၇)ဒီဂရီ၊ (၂၃)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | မြစ်ကြီးနားမြို့ |
လူဦးရေ (၂၀၁၄) | ၂၄၃,၀၃၁[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ပိတ်ရန်