![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/8c/Flag_of_Myanmar.svg/langmy-640px-Flag_of_Myanmar.svg.png&w=640&q=50)
မြန်မာနိုင်ငံ၏ အလံတော်
နိုင်ငံတော်အလံ / From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ၏ အလံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်ဖြစ်သည်။ မြန်မာနိုင်ငံတော်အစိုးရသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် တွင် အလံတော်အသစ်ကို တရားဝင်လွှင့်ထူ သုံးစွဲခဲ့ပြီး ၁၉၇၄ ခုနှစ်မှစ၍ သုံးစွဲခဲ့သည့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အလံကို ဖျက်သိမ်းလိုက်သည်။ နိုင်ငံတော်အလံ ဥပဒေ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နိုင်ငံတော်သီချင်း ဥပဒေနှင့် နိုင်ငံတော်အလံ နည်းဥပဒေများ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ၊ နိုင်ငံတော်သီချင်း နည်းဥပဒေများကို တပြိုင်နက်တည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အလံ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့် နိုင်ငံတော်သီချင်း အသစ်များကို ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၃ ပုဒ်မ ၄၃၇၊ ၄၃၈ နှင့် ၄၃၉ တို့တွင် အသီးသီး ပြဋ္ဌာန်းရေးသားထားသည်။ [2][3]
![]() | |
အသုံးပြုခြင်း | နိုင်ငံတော်အလံ နှင့် အရပ်သားသုံးအလံ ![]() |
---|---|
အချိုးအစား | ၂:၃[1] |
ရွေးချယ်ခြင်း | ၂၁ အောက်တိုဘာ ၂၀၁၀; ၁၃ နှစ် အကြာက (၂၀၁၀-၁၀-21) |
ဒီဇိုင်း | ထောင့်မှန်စတုဂံပုံစံ သုံးရောင်ခြယ်အလံတော် |