ရစ်မျိုးရင်းဝင်ငှက်များ
From Wikipedia, the free encyclopedia
ရစ်မျိုးရင်းဝင်ငှက်များ (Phasianidae) သည် ရစ်များ၊ ခါများ၊ တောကြက်များ၊ အိမ်မွေးကြက်များ၊ ကြက်ဆင်များ၊ ငုံး(ကမ္ဘာဟောင်း)၊ နှင့် ဒေါင်းများ ပါဝင်သော မြေပြင်ပေါ်တွင်နေထိုင်သည့် အလေးချိန်စီးသော ၎င်းငှက်များကို ကိုယ်စားပြုသည့် မျိုးရင်းအဆင့်ရှိ အမည်နာမဖြစ်သည်။ ဤမျိုးရင်း တွင် ငှက်တိုက်၊ ကြက်တိုက်ခြင်းမျိုးတွင် လူကြိုက်များသော ငှက်မျိုး အများအပြားပါဝင်သည်။[1]
ရစ်မျိုးရင်းဝင်ငှက်များ | |
---|---|
ရစ်မျိုးရင်းဝင် ဇီဝမျိုးစုံမျိုးကွဲမှု | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Galliformes |
Superfamily: | Phasianoidea |
မျိုးရင်း: | Phasianidae Horsfield, 1821 |
အမျိုးအစား မျိုးစိတ် | |
ရစ်လည်စိမ်း | |
မျိုးရင်းခွဲများ | |
တောင်ခါငှက်များ (Rollulinae) |
မျိုးရင်းဝင် ငှက်မျိုးစုအရေအတွက်သည် များပြားလှပြီး ယခင်က မျိုးရင်းအဆင့် အုပ်စုနှစ်ခုအဖြစ် ရစ်၊ ဒေါင်းနှင့် ကြက်များပါဝင်သော ရစ်ငှက် (Phasianinae) နှင့် ခါနှင့် ငုံး(ကမ္ဘာဟောင်း)များပါဝင်သော (Perdicinae) ဟူ၍ အုပ်စုခွဲနှစ်ခုခွဲခဲ့သည်။ သို့သော် ဤခွဲခြမ်းစိတ်ဖြာမှုသည် မကြာသေးမီက သိပ္ပံနည်းကျဆန်းစစ်မှု အထောက်အထားများတွင် မျိုးရိုးဗီဇတူများ အကုန် မပါဝင်သော မူမမှန်သည့် မျိုးတူစုဖွဲ့မှု (Paraphyletic) သာ ဖြစ်နေသည်ကိုတွေ့ရှိခဲ့ကြသည်။
ထိုကြောင့် ယင်းဆန်းစစ်မှုရလဒ်အရ ရစ်မျိုးရင်း အောက်တွင် မျိုးရင်းခွဲ (ခေါ်) မျိုးရင်းသေး (Subfamily) များအဖြစ်
- တောင်ခါနှင့် မျိုးရိုးတူ ငှက်များ (Rollulinae)၊
- ရစ်နှင့် မျိုးရိုးတူ ငှက်များ (Phasianinae)၊
- ဒေါင်းနှင့် မျိုးရိုးတူ ငှက်များ (Pavoninae)
ဟူ၍ ခွဲထုတ်ထားသည်။[2]