![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/d3/Longjing_tea_steeping_in_gaiwan.jpg/640px-Longjing_tea_steeping_in_gaiwan.jpg&w=640&q=50)
ရေနွေးကြမ်း
From Wikipedia, the free encyclopedia
ရေနွေးကြမ်း (အင်္ဂလိပ်: plain tea) သည် လက်ဖက်ခြောက်နှင့် ရေနွေးကို ပေါင်းစပ်ထားသည့် လက်ဖက်ရည်ကြမ်းတစ်မျိုးဖြစ်သည်။ ရေနွေးကြမ်းသောက်သုံးခြင်း ဓလေ့သည် မြန်မာ့လူမှုအဖွဲ့အစည်းတွင် အလွန်တွင်ကျယ်သည့် ထုံးတမ်းစဉ်လာတစ်ခုဖြစ်၍ သောက်စရာများတွင် သောက်သုံးရေပြီးလျှင် ဒုတိယနေရာ၌ ရှိသည်။
![]() Longjing green tea being infused in a gaiwan | |
အမျိုးအစား | Hot or cold beverage |
---|---|
မူရင်းထုတ်လုပ်သည့်နိုင်ငံ | China[1] |
စတင်ရောင်းချသည့်နေ့ | First recorded in China in 59 BC, though probably originated earlier[2] |
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/97/Green_tea_%28yenawegyan%29.jpg/640px-Green_tea_%28yenawegyan%29.jpg)
ရေနွေးကြမ်းသောက်သုံးခြင်းကို မှတ်တမ်းများအရ အလောင်းစည်သူမင်းလက်ထက်ကပင် တည်ရှိခဲ့ကြောင်း တွေ့ရှိရလေသည်။ မြန်မာမင်းဆက်ခေတ်များစွာ၌လည်း လက်ဖက်ရည်ကြမ်း ခေါ် ရေနွေးကြမ်းသောက်သုံးခြင်း အရေးပါသည့်ဓလေ့ထုံးတမ်းဖြစ်၍ ကုန်းဘောင်ခေတ်နှောင်းတွင် စာဆိုတော် ဦးပုညကိုပင် လက်ဖက်ရည်တော် (ယခင်အသုံး-လဘက်ရည်တော်) ရာထူး ခန့်အပ်ခံခဲ့ရကြောင်းတွေ့ရှိရသည်။
ရေနွေးကြမ်းသောက်သုံးခြင်းသည် မြန်မာ့ယဉ်ကျေးမှုတွင် စုဝေးမှု၊ တိုင်ပင်မှု၊ ညီညွတ်မှု၊ ပျော်ရွှင်၍ လွတ်လပ်သည့် စကားအပြန်အလှန်ပြောဆိုမှုများ၏ ပြယုဂ်ဖြစ်သည်။ လက်ဖက်ရည် ခရား (သို့) ဓာတ်ဗူး နှင့် ခွက်ငယ်လေးများကို မြန်မာနိုင်ငံအနံ့အပြားရှိ လက်ဖက်ရည်ဆိုင်များတွင် ရေနွေးကြမ်းအား အခမဲ့သောက်သုံးရန်အတွက် တွေ့မြင်နိုင်သည်။ အချို့သောဒေသများ အထူးသဖြင့် မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်ကြီးအချို့တွင် လက်ဖက်ခြောက်ကောင်းဖြင့် ရေနွေးကြမ်းကို ပြင်ဆင်၍ ရောင်းချလျက်ရှိကြသည်။[3]