From Wikipedia, the free encyclopedia
နိုင်ငံတကာမြို့ပြလေကြောင်းပို့ဆောင်ရေးအဖွဲ့၏ အဆိုအရ ပြေးလမ်းဆိုသည်မှာ လေယာဉ်တစ်စင်း တက်ရန်၊ ဆင်းရန် ပြုလုပ်ထားသော ထောင့်မှန်စတုဂံဧရိယာကို ဆိုလိုခြင်းပင်ဖြစ်သည်။ ပြေးလမ်းမှာ ကတ္တရာ သို့မဟုတ် ကွန်ကရိ လူလုပ်လမ်းများ ရှိသကဲ့သို့ သဘာဝပြေးလမ်းများလည်း ရှိသည်။
၁၉၁၉ ခုနှစ် ဇန်နဝါရီတွင် ရိုက်ညီနောင်၏ လေယာဉ်တီထွင်မှုနှင့်အတူ စတင်ခဲ့သည်။
ပြေးလမ်းများကို ပြေးလမ်း၏ လမ်းကြောင်းဒီဂရီကိုလိုက်၍ နံပါတ်များဖြင့် အမည်ပေးသည်။ ပြေးလမ်းနံပါတ် "09"သည် အရှေ့90°၊ "18"သည် တောင် "180°"၊ "27"သည် အနောက်"270°"၊ "36"သည် မြောက်"360°" ကို ရည်ညွှန်းသည်။ ဥပမာ-ပြေးလမ်း"09"သို့ ဆင်းမည်၊ တက်မည်ဆိုပါက လေယာဉ်ကိုအရှေ့ 90° သို့ ဦးတည်ရမည်။
ပြေးလမ်းကို ပုံမှန်အားဖြင့် နှစ်ဖက်လုံးသုံးသည်။ ဥပမာ-ပြေးလမ်း"33"သည် တစ်ဖက်မှကြည့်လျှင် ပြေးလမ်း"15"ဖြစ်သည်။
မျဉ်းပြိုင်ရှိသော ပြေးလမ်းများတွင် အလယ်(C)၊ ဘယ်ဘက်(L)၊ ညာဘက်(R) ဟူ၍ခွဲခြားသည်။ ဥပမာ-ပြေးလမ်း ဘယ်ဘက်၁၅="15L"၊ အလယ်၁၅="15c"၊ ညာဘက်၁၅="15R" ဟူ၍ သုံးသည်။ ပြေးလမ်း "03L"သည် တစ်ဖက်မှကြည့်လျှင် ပြေးလမ်း "21R" ဖြစ်သည်။
မျဉ်းပြိုင်ပြေးလမ်း လေးခုနှင့်အထက်ရှိ လေဆိပ်ကြီးများတွင် ရှုပ်ထွေးမှုများကို ရှောင်ရှားရန် 10°စီ တိုးထားကြသည်။ ဥပမာ-လော့စ်အိန်ဂျလိစ်လေဆိပ်တွင် လေယာဉ်ပြေးလမ်း ၄ ခုမှ မျဉ်းပြိုင်လုနီးပါးရှိသော်လည်း "6L"၊ "6R"၊ "7L"၊ "7R" ဟူ၍ ခွဲခြားထားသည်။ ဖော့ဖရွတ်လေဆိပ်တွင် ပြေးလမ်း၅ခုမှာ "17L"၊"17C"၊17R"၊"18L"၊"18R"ဟူ၍အမည်ပေးထားသည်။
လေကြောင်းထိန်းသိမ်းရေးတာဝန်နှင့် လေယာဉ်တို့အကြား ရေဒီယိုသုံးပြီးစကားပြောရာ၌ ရှင်းလင်းစေရန် " runway three six, runway one four"စသည်ဖြင့် ပြောကြသည်။ "၀"နှင့်စသော ပြေးလမ်းများကို " runway zero six" ၊ "runway zero one left"စသည်ဖြင့် ပြောသည်။
ယေဘူယျလေကြောင်းပို့ဆောင်ရေးအတွက် ပြေးလမ်းအနေအထားမှာ ၂၄၅ မီတာ (၈၀၄ ပေ)နှင့် အကျယ် ၈ မီတာ (၂၆ ပေ)ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်အကြီးကြီးများအတွက်မူ ၅၅၀၀ မီတာ (၁၈၀၄၅ ပေ)၊ ၈၀ မီတာ (၂၆၂ ပေ)ဖြစ်သည်။
ထွက်ခွာ၊ ဆင်းသက်အတွက် အသုံးများမှာ အောက်ပါအတိုင်း ဖြစ်သည်။
TODATakeoff Distance Available – The length of the takeoff run available plus the length of the clearway, if clearway is provided.(The clearway length allowed must lie within the aerodrome or airport boundary. According to the Federal Aviation Regulations and Joint Aviation Requirements (JAR) TODA is the lesser of TORA plus clearway or 1.5 times TORA).ASDAAccelerate-Stop Distance Available – The length of the takeoff run available plus the length of the stopway, if stopway is provided.LDALanding Distance Available – The length of runway that is declared available and suitable for the ground run of an airplane landing.EMDAEmergency Distance Available – LDA (or TORA) plus a stopway.
There are runway markings.[3]
ပြေးလမ်းများတွင် ပြေးလမ်းအမှတ်အသားများ ရေးဆွဲထားသည်။
ပထမဆုံးပြေးလမ်းမီးကို ၁၉၃၀ တွင် အသုံးပြုခဲ့သည်။
ပြေးလမ်းမီးများကို ညဘက်လေယာဉ်ဆင်းရာတွင် မြင်သာရန် တပ်ဆင်ထားသည်။
ပုံမှန်အားဖြင့် မီးများကို အေတီစီ တာဝါမှ ထိန်းချုပ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.