![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/ea/Carina_Nebula.jpg/640px-Carina_Nebula.jpg&w=640&q=50)
သိပ္ပံပညာ
ဖြစ်ပျက်တွေ့ကြုံခဲ့မှုများအား စနစ်တကျ လက်တွေ့ဆန်းစစ်လေ့လာ၍ မှတ်တမ်းတင်ပြုစုထားသော မျိုး / From Wikipedia, the free encyclopedia
အခြားကြည့်ရန်။ ရူပဗေဒ နှင့် သဘာဝသိပ္ပံ
သိပ္ပံပညာ (အင်္ဂလိပ်: Science) ဟူသည်မှာ - လောက(Universe) အကြောင်းများကို စနစ်တကျ ခန့်မှန်းခြင်းများ၊ ရှင်းလင်း တွက်ချက်ခြင်းများ၊ စမ်းသပ် တီထွင်ခြင်းများ စသည့် အသိစုဆောင်းအသုံးချ လုပ်ငန်းရပ်များစွာကို ခြုံငုံညွှန်းဆိုခြင်း ဖြစ်သည်။ )[1][2][3]
ကျွန်ုပ်တို့ဝန်းကျင်ရှိ လောက(universe)ကြီး၏ လည်ပတ်ပုံကို စနစ်တကျ လေ့လာခြင်းတိုင်းသည် သဘာဝစိုင်းယန့်စ် (Natural Science) ဖြစ်၏။ အဓိကကိုင်းကဏ္ဍ ၅ခု ရှိသည်၊ နက္ခတ္တဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ကမ္ဘာဂြိုဟ် စိုင်းယန့်စ် (Earth science)။
အရာခပ်သိမ်းမှန်သမျှကို စနစ်တကျ လက်တွေ့ ဆန်းစစ်လေ့လာသည့် ပညာတရပ်ဖြစ်သည်။ ထိုသို့ လေ့လာမှုပြုလုပ်သည့် ပညာရပ်ကို မြန်မာဘာသာစကားအားဖြင့် သိပ္ပံပညာ ဟု ခေါ်သည်။ သိပ္ပံပညာရပ်တွင် လက်တွေ့ သက်သေပြနိုင်မှသာ မှန်ကန်သည်ဟု ယူဆသည်။ ယခုလက်ရှိ အယူအဆထက် ပိုကောင်းသောအယူအဆ တွေ့ရှိချက်များ ပေါ်လာလျင်လည်း မူလအား ပယ်ဖျက်ကာ အယူအဆသစ်အား ချက်ချင်းလက်ခံရန် ဝန်မလေးပေ။