![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/07/%25E0%25B7%2583%25E0%25B7%2592%25E0%25B6%2582%25E0%25B7%2584%25E0%25B6%25BD_in_Noto_Serif_Sinhala_Black.svg/langmy-640px-%25E0%25B7%2583%25E0%25B7%2592%25E0%25B6%2582%25E0%25B7%2584%25E0%25B6%25BD_in_Noto_Serif_Sinhala_Black.svg.png&w=640&q=50)
သီဟိုဠ်အက္ခရာ
From Wikipedia, the free encyclopedia
သီဟိုဠ် အက္ခရာ (သို့) သီဟိုဠ် စာလုံး (သို့) သီဟိုဠ် အရေးအသား (သီဟိုဠ်: සිංහල අක්ෂර මාලාව; Siṁhala Akṣara Mālāva) သည်သီဟိုဠ်၊ ပါဠိ၊ သင်္သကရိုက် စသည့်ဘာသာစကားများကို ရေးသားရန်အတွက် အရေးအသားစနစ်တစ်ခုဖြစ်၍ အထူးသဖြင့် သီရိလင်္ကာနိုင်ငံနှင့် အခြားနေရာများရှိ သီရိလင်္ကာသားများအသုံးပြုကြသည်။[2] သီဟိုဠ် အကသ(ဿ)ရ မာလာဝ သည် ရှေးဟောင်းအိန္ဒိယ၏ ဗြဟ္မီအက္ခရာမှဆင်းသက်လာသော ဗြဟ္မီအက္ခရာတစ်ခုဖြစ်သည်။[3]
အချက်တိုများ သီဟိုဠ်အက္ခရာ (အရေးအသား) සිංහල අක්ෂර මාලාවSiṁhala Akṣara Mālāva, အမျိုးအစား ...
သီဟိုဠ်အက္ခရာ (အရေးအသား) සිංහල අක්ෂර මාලාව Siṁhala Akṣara Mālāva | |
---|---|
![]() | |
အမျိုးအစား | Abugida |
ဘာသာစကားများ | သီဟိုဠ်ဘာသာစကား၊ ပါဠိ၊ သင်္သကရိုက် |
အချိန်ကာလ | ခရစ်နှစ် ၃၀၀ ခန့်–လက်ရှိ[1] |
မိခင်စနစ်များ | ရှေးဦး ဆိုင်းနေယစ်တစ် အက္ခရာ
|
ညီအစ်မစနစ်များ | တမီလ်-ဗြဟ္မီ |
လားရာ | ဘယ်မှ ညာ |
ISO 15924 | Sinh, 348 |
Unicode alias | Sinhala |
ယူနီကုတ်အကွာအဝေး |
|
ပိတ်ရန်
သီဟိုဠ်အရေးအသားသည် ဘယ်မှညာသို့ ရေးသည့်စနစ် (abugida) ဖြစ်၍ သီဟိုဠ်စာလုံးများကို အုပ်စုနှစ်ခုခွဲနိုင်၍ အဓိကအုပ်စုသည် သုဒ္ဓသီဟာဠ အက္ခရာ (śuddha siṃhala, ශුද්ධ සිංහල) များဖြစ်ကာ မိဿရ သီဟာဠ အက္ခရာ (miśra siṃhala) ၏ အခွဲဖြစ်သည်။