From Wikipedia, the free encyclopedia
ဟာမစ် ကာဇိုင်း (Dari: حامد کرزی ၊ ၁၉၅၇ ဒီဇင်ဘာ ၂၄ ဘွား) သည် အာဖဂန် နိုင်ငံရေးသမားဖြစ်ပြီး ၂၀၀၁ ခု၊ ဒီဇင်ဘာလ ၂၂ ရက်မှ ၂၀၁၄ ခု၊ စက်တင်ဘာလ ၂၉ ရက်ထိ တာဝန်ထမ်းသည်။ ကန်ဒါဟာရှိ ပိုပယ်ဇိုင် ဒါရန္နီ လူမျိုးစု၏ ခေါင်းဆောင်လည်း ဖြစ်သည်။
ကန်ဒါဟာဘွား ကာဇိုင်းသည် ကဘူးရှိ ဟာဘီဘီယာအထက်တန်းကျောင်းမှ အောင်ပြီး မဟာဘွဲ့ကို အိန္ဒိယမှ ရသည်။ နောက် ပါကစ္စတန်သို့ ပြောင်းနေကာ ဆိုဗီယက်-အာဖဂန်စစ်ပွဲကာလနှင့် စစ်ပြီးကာလများတွင် မူဂျာဟစ်တို့အတွက် ပြည်ပမှ ရန်ပုံငွေ ရှာပေးသည်။ အာဖဂန်နစ္စတန်အစ္စလာမ္မစ်နိုင်ငံဟူ၍ ဖြစ်လာသည်နောက် နိုင်ငံခြားရေးရာ ဒုတိယဝန်ကြီးအဖြစ် လုပ်သည်။ ဖခင်ဖြစ်သူ လုပ်ကြံခံရသည်နောက် ပိုပယ်ဇိုင်လူမျိုးစု၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာသည်။
၂၀၀၁ ခု၊ အောက်တိုဘာလတွင် အာဖဂန်နစ္စတန်သို့ အမေရိကန်တို့ ကျူးကျော်သည့်အခါ ကန်ဒါဟာပတ်ဝန်းကျင်ရှိ မျိုးနွယ်စုများကို ဦးဆောင်၍ တာလီဘန်တို့ကို တိုက်ခိုက်သဖြင့် ထင်ရှားလာသည်။ ၂၀၀၁ ခု၊ ဒီဇင်ဘာလတွင် ဂျာမနီ၌ကျင်းပသော အာဖဂန်နစ္စတန်ဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်၌ အာဖဂန်နိုင်ငံရေးသမားကြီးများက ကာဇိုင်းကို ကြားဖြတ်အစိုးရအဖြစ် ၆ လကြာ ဆောင်ရွက်ရန် ရွေးသည်။
၂၀၀၂ ခုတွင် အာဖဂန်နစ္စတန်ရှိ ကဘူးမြို့၌ ကျင်းပသော ထိပ်သီးညီလာခံမှ ကာဇိုင်းကို ၂ နှစ်သက်တမ်းရှိ ကြားဖြတ်သမ္မတအဖြစ် ဆက်ရွေးသည်။ ၂၀၀၄ သမ္မတရွေးကောက်ပွဲတွင် ကာဇိုင်းကပင် အနိုင်ရကာ အာဖဂန်နစ္စတန်အစ္စလာမ္မစ်နိုင်ငံ၏ သမ္မတဖြစ်လာသည်။ ဒုတိယသက်တမ်းကို ၂၀၀၉ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရကာ သမ္မတဆက်လုပ်ရသည်။ [1] ၂၀၁၄ ခု၊ စက်တင်ဘာလတွင် တာဝန်မှ အနားယူရာ အက်ရှရက် ဂါနီက ၎င်းအရာကို ဆက်ခံသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.