ဟားခါးမြို့
ချင်းပြည်နယ်ရှိမြို့ / From Wikipedia, the free encyclopedia
ဟားခါးမြို့ သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ မြောက်ပိုင်းတွင် တည်ပြီး ဟားခါးခရိုင်နှင့် ဟားခါးမြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ထို့ပြင် ချင်းပြည်နယ်၏ ဦးစီးအဖွဲ့ရုံးစိုက်ရာ မြို့တော်လည်းဖြစ်သည်။ ထိုမြို့သည် ဖလမ်းမြို့နှင့်မတူပီမြို့တို့အကြား၌တည်ရှိရာ ဖလမ်းမှ ၄၃ မိုင် ဝေးကွာပြီးလျှင် မတူပီမြို့မှ ၁ဝ၈ မိုင်ဝေးကွာသည်။ ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၆၀၀ဝ ကျော် (၁၈၃ဝ မီတာ) အမြင့်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံး အရပ်၌ တည်ရှိသော မြို့တော် ဖြစ်သည်။
ဟားခါးမြို့ Halkha Hakha | |
---|---|
ချင်းပြည်နယ်ရှိ မြို့များ | |
ဟားခါးမြို့တည်နေရာပြမြေပုံ | |
ကိုဩဒိနိတ်: 22°59′N 94°1′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်းပြည်နယ် |
ခရိုင် | ဟားခါးခရိုင် |
မြို့နယ် | ဟားခါးမြို့နယ် |
လူဦးရေ | |
• စုစုပေါင်း | ၂၄,၉၂၆[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ဟားခါးမြို့ အဝင်လမ်းမကြီးသည် တောင်ကြော တစ်နေရာမှ အခြားတောင်တန်းကြီးဆီသို့ သွယ်တန်းလျက်ရှိသည်။ တောင်ကြောပေါ်တွင် ဟားခါးမြို့သည် ကင်းမြီးကောင် အမြီးတောင်နေသကဲ့သို့ အလားသဏ္ဌာန်တူလေသည်။ မြို့တွင်းရှိ နေအိမ်များမှာ တောင်ပတ်လမ်းများကို ကပ်လျက် တည်ဆောက်ထားကြသည်။ အချို့သော နေအိမ်များသည် တိုက်တာ ဖြစ်ကြ၍ အများစုမှာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာ အိမ်များ ဖြစ်ကြသည်။ အရစ်လိုက် အရစ်လိုက် တည်ရှိနေသော တောင်ပတ်လမ်းများကို နေအိမ်များ ကပ်၍ တည်ဆောက်ထားသဖြင့် အဝေးမှ ကြည့်လျှင် အစီအရီ အထပ်ထပ် တွေ့ရသည်။ ချင်းတိုင်းရင်းသားတို့သည် သူတို့၏ အိမ်အနီးဝန်းကျင်နှင့် ရှေ့မျက်နှာစာတို့တွင် ဖြူနီဝါပြာ ပန်းအလှပင်များနှင့် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးထားတတ်ကြသည်။[2]