အကူအညီ:Template
From Wikipedia, the free encyclopedia
တမ်းပလိတ်:Wiki markup
မြန်မာဘာသာသို့ ပြန်ဆိုခြင်းနှင့် စပ်လျဉ်း၍ |
---|
လက်ရှိစာမျက်နှာကို ဂူဂယ်ဘာသာပြန် (Google Translate) သုံး၍ မြန်မာဘာသာသို့ ပြန်ဆိုကြည့်နိုင်သည်။ သို့သော် ၎င်းဘာသာပြန်များကို အတည်မယူပါနှင့်၊ အမှားများစွာ ပါလေ့ရှိသောကြောင့်ဖြစ်သည်။ သေချာစိစစ်၍ ကြိုးစားပြုပြင်ပြီးမှ ဘာသာပြန်ရေးသားရန် ဖြစ်သည်။ ဘာသာပြန်ပြီးပါက ဤ {{Translation incomplete}} တမ်းပလိတ်ကို ဤစာမျက်နှာမှ ဖျက်ပစ်ရန် မမေ့ပါနှင့်။ |
ဤအကူအညီ စာမျက်နှာကို မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
တမ်းပလိတ်ဆိုသည်မှာ ဝီကီပီးဒီးယားရှိ အခြားစာမျက်နှာများအတွင်း ထည့်သွင်းနိုင်ရန် ဖန်တီးထားသည့် ပုံစံခွက်တစ်ခုဖြစ်သည်။ ဆောင်းပါးနှင့် အခြားစာမျက်နှာများတွင် ထပ်ကာတလဲ ဖော်ပြလိုသည့် အရာများကို သိမ်းဆည်းထားရန် တမ်းပလိတ်ခေါ် ပုံစံခွက်များကို အသုံးပြုသည်။ တမ်းပလိတ်များကို စာမျက်နှာအများအပြားတွင် ထပ်ပြန်တလဲလဲ သုံးရသည့်စာသားများ[မှတ်စု 1]၊ သတိပေးနှိုးဆော်ချက်များ၊ ဆက်စပ်စာမျက်နှာများကြား အသွားအလာ လွယ်ကူရန်စီစဉ်သည့် navigational box များ၊ စသည်တို့အတွက် အသုံးပြုကြသည်။
တမ်းပလိတ်များကို စာမျက်နှာများအတွင်း ထည့်သွင်းရာ၌ အသုံးအများဆုံးသော ထည့်သွင်းပုံမှာ transclusion ခေါ် ကူးပြောင်းထည့်သွင်းခြင်း ဖြစ်သည်။ ရည်ရွယ်ရာစာမျက်နှာ (target page) တစ်ခုတွင် ဤနည်းသုံး၍ တမ်းပလိတ်ထည့်လိုပါက {{တမ်းပလိတ်အမည်}}
ဟူ၍ ထည့်ရန်ဖြစ်သည်။ ၎င်းစာမျက်နှာကိုဖွင့်တိုင်း တမ်းပလိတ်ပုံစံခွက်ထဲမှ အချက်အလက်များကို ရည်ရွယ်ရာစာမျက်နှာပေါ်သို့ ကူးတင်ပြသခြင်းဖြစ်သည်။ (ထို့ကြောင့် မူရင်းတမ်းပလိတ်ပုံစံခွက်ကို ပြောင်းလဲလိုက်ပါက ၎င်းတမ်းပလိတ်ကို အသုံးပြုထားသော စာမျက်နှာများတွင်လည်း ပုံစံခွက်နှင့်အညီ လိုက်ပါပြောင်းလဲလေသည်။) တမ်းပလိတ်များကို စာမျက်နှာများအတွင်း ထည့်သွင်းသည့် အခြားနည်းလမ်းတစ်ရပ်မှာ substitution ခေါ် အစားထိုးထည့်သွင်းခြင်း ဖြစ်သည်။ ရည်ရွယ်ရာစာမျက်နှာတွင် {{subst:တမ်းပလိတ်အမည်}}
ဟူ၍ ရေးသွင်းရန်ဖြစ်သည်။ ထိုသို့ပြုလုပ်သည့်အခါ ထည့်သွင်းသည့်အချိန် တစ်ကြိမ်တည်း၌သာ ပုံစံခွက်မှ အချက်အလက်များကို ရည်ရွယ်ရာ စာမျက်နှာပေါ်သို့ ကူးယူထည့်သွင်းပြီး၊ ၎င်းရည်ရွယ်ရာ စာမျက်နှာကို ထပ်မံဖွင့်ဖတ်သည့် အကြိမ်များတွင် တမ်းပလိတ်ထဲမှာ အချက်အလက်များကို နောက်ထပ်ဖတ်ရှုခြင်း မပြုတော့ချေ။ (ထို့ကြောင့် တမ်းပလိတ်တစ်ခုကို စာမျက်နှာတစ်ခုအတွင်း ထည့်သွင်းပြီးနောက် မူရင်းတမ်းပလိတ်တွင် အပြောင်းအလဲပြုလုပ်သော်လည်း၊ ၎င်းတမ်းပလိတ်ကို အပြောင်းအလဲအလုပ်မီ ထည့်သွင်းထားသည့် ရည်ရွယ်ရာစာမျက်နှာများတွင် လိုက်လံပြောင်းလဲခြင်း မရှိတော့ချေ။)
ဤကိစ္စများအား နောင်တွင် တမ်းပလိတ်သုံနည်း အမြန်လမ်းညွှန် ဟူ၍ မိတ်ဆက်သွားရန် ရည်ရွယ်သည်။ လက်ရှိအခြေအနေတွင် အကူအညီပိုမို လိုအပ်ပါက အင်္ဂလိပ်ဝီကီပီးဒီးယားရှိ en:mw:Help:Templates၊ en:m:Help:Template နှင့် en:m:Help:Advanced templates တို့ကို ဖတ်ရှုနိုင်သည်။