အက္ခရာ
From Wikipedia, the free encyclopedia
အက္ခရာ ဆိုသည်မှာ အရေး နှင့် အဖတ် အသုံးပြုသည့် ဘာသာစကားတိုင်း၊ စာပေတိုင်းအတွက် အသုံးပြုသော ဗျဉ်း၊ သရ အစရှိသည့် အသံအနှိမ့်အမြင့်များကို ကိုယ်စားပြုဖော်ပြသည့် အရေးပုံစံ စံစာလုံးများကို ဆိုလိုသည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားတိုင်းတွင် အက္ခရာပုံစံများ မူပိုင်ထားရှိသည်။
ကမ္ဘာပေါ်ရှိ ဘာသာစကားအတော်များများသည် ထိုသဘောကို လိုက်နာကျင့်သုံးအကောင်အထည်ဖော်ပြီး ကြပြီဖြစ်သည် နှုတ်ဖြင့် ပြောသောစကားသံများကို မြင်သာသောအမှတ်အသားဖြင့် တစ်ဆင့်မှတ်တမ်းတင်ကာ “စာအရေးအသား”ကို တီထွင်ခဲ့ကြပြီးဖြစ်သည်။ ဘာသာစကား အတော်များများတွင် ကိုယ်ပိုင်စာ အရေးအသား စနစ်များရှိကြပြီးဖြစ်သည်။
စာအရေးအသားပေါ်ပေါက်လာသည့်အတွက် များစွာ အကျိုးရှိသည်ကား အမှန်ပင်ဖြစ်သည်။ စာအရေးအသားဖြင့် ထိန်းသိမ်းမှတ်တမ်းတင်နိုင်ခြင်းကြောင့် ဘာသာစကားဆိုသော စကားသံများသည် လေထဲမှာ ချက်ချင်းပျောက်မသွားတော့ဘဲ အချိန်ကြာကြာခံသည့် အခြေအနေသို့ ရောက်လာသည်။ နေရာဝေးဝေး ပျံ့နှံ့အောင် လုပ်နိုင်သော အခြေအနေသို့ ရောက်လာသည်။ စာအရေးအသား၏ ကျေးဇူးကြောင့် ရှေးလူတို့၏ ဆောင်ရွက်ချက်များကို နှောင်းလူတို့က ဆက်ခံပြီး ဆက်လက်တိုးတက်အောင် ဖန်တီးနိုင်လာကြသည်။ ဤသို့ဖြင့် လူ့ယဉ်ကျေးမှုသည် ပို၍ပို၍ ဖွံ့ဖြိုးလာရသည်။
“နှစ်ပေါင်း ရာထောင်မကသော အချိန်က ပုဂ္ဂိုလ်အမျိုးမျိုး၏ အဆိုအမိန့်များ ဆောင်ရွက်ချက်များကို ယနေ့တိုင် သိနိုင်ခြင်းမှာ စာအရေးအသား၏ ကျေးဇူးကြောင့်ဖြစ်သည်။ စာအရေးအသားသည် သိစရာမှတ်စရာ ဗဟုသုတ အမျိုးမျိုးကို သိုမှီးထိန်းသိမ်းပေးနိုင်သည်။ ထို့ကြောင့် မှတ်သားစရာများကို အားလုံးဦးခေါင်းထဲမှာ ထည့်ထားစရာမလိုတော့ပဲ စာဖြင့် မှတ်ထားနိုင်သည်။ ဤမျဆိုလျင် စာအရေးအသား၏ အရေးပါပုံမှာ ထင်ရှားလောက်ပါပြီ...”
မြန်မာဘာသာစကားတွင်လည်း ကိုယ်ပိုင်စာအရေးအသား စနစ် အခိုင်အမာရှိနေပြီးဖြစ်သည်။ စာအရေးအသားစနစ်တွင် အသုံးပြုသော ကောက်ကောက်ကွေ့ကွေ့ အမှတ်သင်္ကေတများကို “အက္ခရာ”ဟုခေါ်သည်။ [1]