![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/70/Wooden_hourglass_3.jpg/640px-Wooden_hourglass_3.jpg&w=640&q=50)
အချိန်
From Wikipedia, the free encyclopedia
အချိန် (time) ဟူသည်မှာ တစ်နည်းအားဖြင့် " တစ်ခုမကသော အဖြစ်အပျက်တို့၏ တပြိုင်တည်းမဖြစ်မှုပမာဏ " ဖြစ်သည်။ အဖြစ်အပျက် ၂ခု ရှိသည်ဆိုပါစို့။ ၎င်းတို့က တပြိုင်နက်တည်းဖြစ်ပျက်လျှင် ၎င်းတို့ကြားတွင် အချိန် ခြားနားမှု မရှိဟု ဆိုရမည်။ ၎င်းတို့က အနည်းငယ်မျှသာ ခြားနားပြီးမှ ဖြစ်ပျက်လျှင် အချိန်ခြားနားမှု နည်းသည်၊ အရပ်စကားဖြင့် ခဏသာ ဖြစ်သည်ဟု ဆိုရမည်။ ၎င်းတို့က အလွန် ခြားနားပြီးမှ ဖြစ်ပျက်လျှင် အချိန်ခြားနားမှု များသည်၊ အရပ်စကားဖြင့် ကြာမြင့်သည် ဟု ဆိုရမည်။
အခြေခံအားဖြင့် အချိန်၏ အခြေခံယူနစ်မှာ SI စနစ်၌ စက္ကန့် ဖြစ်သည်။
ရူပဗေဒတွင် အချိန်ကို တိုင်းကြောင်း (dimension) တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားတတ်သည်။ နျူတန်ပျိုး ရူပဗေဒ (Newtonian physics) တွင် အချိန်ကုန်ဆုံးမှုသည် အစဉ် တသမတ်တည်း ဖြစ်ပြီး တစ်လောကလုံးစာ တူညီသော ဘုံအချိန်ကုန်ဆုံးမှုနှုန်း ရှိသည့်သဖွယ် စဉ်းစားတွက်ချက်သည်။ နှိုင်းရ ရူပဗေဒ (relativistic physics) တွင်မူ အချိန်ကုန်ဆုံးမှုနှုန်းမှာ ကြည့်ရှုဇာတ်ကောင် (observer) ၏ အနှိုင်းဘောင် (reference frame) အသီးသီးအဖို့ ကွဲပြားလျက် ရှိတတ်သည်၊ သို့ဖြင့် တစ်လောကလုံးစာ တူညီသော ဘုံအချိန်ကုန်ဆုံးမှုနှုန်း ပကတိ မရှိပေ။ နှိုင်းရသီအိုရီများတွင် အချိန်ကို စတုတ္တတိုင်းကြောင်းအဖြစ် ထည့်သွင်းတွက်ချက်သည်။
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(23 Jul 2021) |
![](http://upload.wikimedia.org/wikipedia/commons/thumb/7/70/Wooden_hourglass_3.jpg/640px-Wooden_hourglass_3.jpg)