![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/05/Body_Temp_Variation.png/640px-Body_Temp_Variation.png&w=640&q=50)
အပူချိန်
အပူနှင့်အအေးဖော်ပြကြောင်းရုပ်ပိုင်းဆိုင်ရာအရေအတွက် / From Wikipedia, the free encyclopedia
အပူချိန် သည် ပူသည် အေးသည်ဟု တိုင်းတာရာ၌ အသုံးပြုသော စံသတ်မှတ်ချက် တစ်ခု ဖြစ်သည်။ ယင်းကို သာမိုမီတာဖြင့် တိုင်းတာရသည်။ တိုင်းတာရာ၌ စံနှုန်းအများကြီးရှိရာ အသုံးအများဆုံးမှာ ဆယ်စီးယပ်စကေး (°C)၊ ဖာရင်ဟိုက်စကေး (°F) နှင့် ကယ်လ်ဗင်စကေး (K) တို့ ဖြစ်ကာ၊ ကယ်လ်ဗင်စကေးကို သိပ္ပံပညာရပ်များတွင် SI ယူနစ် ပြောင်းလဲခြင်းဖြင့် အသုံးချသည်။ ပကတိအပူချိန်သည် အအေးဆုံး အပူချိန်ဖြစ်၍ ကယ်လ်ဗင်အားဖြင့် သုည ဖြစ်ပြီး၊ ဆယ်စီးယပ်အားဖြင့် -၂၇၃.၁၅ °C၊ ဖာရင်ဟိုက်အားဖြင့် -၄၅၉.၆၇°F အသီးသီးရှိကြသည်။ အပူချိန်သည် သိပ္ပံနယ်ပယ်အားလုံးဖြစ်သော ရူပဗေဒ ပထဝီဝင် ဆေးပညာ ဓာတုဗေဒ ဇီဝဗေဒ စသည်တို့၌ သာမက နေ့စဉ်ဘဝ၌ပါ အလွန် အရေးပါသည့်အရာ ဖြစ်ပေသည်။ )
![Thumb image](http://upload.wikimedia.org/wikipedia/commons/2/23/Thermally_Agitated_Molecule.gif)
Temperature | |
---|---|
![]() Two thermometers showing temperature in Celsius and Fahrenheit. | |
ယေဘုယျ သင်္ကေတ | T |
SI ယူနစ် | ကယ်လ်ဗင် |
အခြားယူနစ်များ | °C, °F, °R |
SI ဒိုင်မင်းရှင်း | Θ |
Intensive? | Yes |
Derivations from other quantities |
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/05/Body_Temp_Variation.png/320px-Body_Temp_Variation.png)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/aa/Annual_Average_Temperature_Map.jpg/640px-Annual_Average_Temperature_Map.jpg)
သီအိုရီအရ အနိမ့်ဆုံး အပူချိန်သည် ပကတိသုည(Absolute Zero)၊ ဆိုလိုသည်မှာ ၎င်းအရာဝတ္ထုမှ မည်သည့် အပူမျှ မစီးထွက်လာခြင်း ဖြစ်သည်။ စမ်းသပ်တွေ့ရှိချက်အရ၊ ပကတိသုည အဖြစ်သို့ လုံးလုံး မရောက်နိုင်၊ အလွန် နီးကပ်စွာသာ ရောက်နိုင်သည်၊ သို့ဖြစ်ရာ ၎င်းကို အပူစီးကူးမှု၏ တတိယ နိယာမ (third law of thermodynamics) ဟု သတ်မှတ်သည်။