![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/7c/Abuja.jpg/640px-Abuja.jpg&w=640&q=50)
အဘူဂျာမြို့
နိုင်ဂျီးရီးယား မြို့တော် / From Wikipedia, the free encyclopedia
အဘူဂျာသည် နိုင်ဂျီးရီးယားနိုင်ငံ၏ မြို့တော် ဖြစ်သည်။ နိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိပြီး ၁၉၈၀ပြည့်လွန်နှစ်များတွင် စီမံကိန်းဖြင့် တည်ဆောက်ခဲ့သော မြို့တော်ဖြစ်သည်။ ၁၉၉၁ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့မှ စတင်၍ ယခင်မြို့တော်ဟောင်း လားဂို့(စ်) ကို မြို့တော်အဖြစ်မှ ပယ်ဖျက်၍ အဘူဂျာမြို့ ကို မြို့တော်အဖြစ် တရားဝင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ၂၀၀၆ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇၇၈,၅၆၇ ရှိသည်။ [1]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/7c/Abuja.jpg/320px-Abuja.jpg)