အမျိုးသားညီညွတ်ရေး အစိုးရ
မြန်မာနိုင်ငံ၏ စင်ပြိုင်အဖြစ် ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရအဖွဲ့ / From Wikipedia, the free encyclopedia
အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အတည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလ ညီညွတ်ရေးအစိုးရ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ၆ ဦးကို နိုင်ငံပေါင်း ၅ နိုင်ငံတွင် ခန့်အပ်ထားသည်။ [1][2][3][4]
အမျိုးသားညီညွတ်ရေး အစိုးရ National Unity Government | |
---|---|
အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ | |
လက်ရှိ | |
အစိုးရခေါင်းဆောင်များ | |
ဖွဲ့စည်းရက်စွဲ | ၁၆ ဧပြီ ၂၀၂၁ (၂၀၂၁-၀၄-၁၆) |
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
နိုင်ငံတော်ခေါင်းဆောင် | ဦးဝင်းမြင့်၊ဦးဒူဝါလရှီးလ, နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဒုသမ္မတ |
ကိုယ်စားပြု | ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ |
အစိုးရခေါင်းဆောင် | ဒေါ်အောင်ဆန်းစုကြည်, ဦးမန်းဝင်းခိုင်သန်း, ပြည်ထောင်စုဝန်ကြီးချုပ် |
ဝန်ကြီး ဦးရေ | ၂၈ ဦး |
အဖွဲ့ဝင် ပါတီ | |
အတိုက်အခံ အစိုးရ | အိမ်စောင့်အစိုးရ |
အတိုက်အခံ ခေါင်းဆောင် | မင်းအောင်လှိုင် |
သမိုင်း | |
ပြီးခဲ့သော ရွေးကောက်ပွဲ | ၂၀၂၀ ရွေးကောက်ပွဲ |
ယခင် |
အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ ပါဝင်သည်။ စစ်အစိုးရကမူ အမျိုးသားညီညွတ်ရေး အစိုးရကို တရားမဝင်ဟု ပြောဆိုခဲ့သည်။[5]
နိုင်ငံတကာအနေဖြင့် ၎င်းတို့အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြရန် NUG က တောင်းဆိုထားပြီး၊[6] ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးလွင်ကိုလတ်ကလည်း မကြာမီကာလအတွင်း ကမ္ဘာ့နိုင်ငံကြီးအချို့၏ အသိအမှတ်ပြုမှုကို မျှော်လင့်ထားကြောင်း ပြောကြားသည်။[7] နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂ အကျိုးတူပူးပေါင်းအဖွဲ့က နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအနေဖြင့် NUG ကို အသိအမှတ်ပြုကြရန် နှိုးဆော်ထားသကဲ့သို့၊[8] အာဆီယံဒေသတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဧပြီလ ၂၄ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်အစိုးရကိုယ်စားလှယ်ထက် NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းသည်။[9]
အောက်တိုဘာလ ၅ ရက်တွင် ပြင်သစ်နိုင်ငံ အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။အောက်တိုဘာ ၇ ရက်တွင်လည်း ဥရောပ ပါလီမန်က အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များကို ချက်သမ္မတနိုင်ငံ အပါအဝင် တောင်ကိုရီးယားနိုင်ငံ စသည့်နိုင်ငံများတွင် ထားရှိပြီးဖြစ်သည်။
အမျိုးသားညီညွတ်ရေး အစိုးရသစ်နှင့်အတူ ပြည်သူ့အသံ ရုပ်သံလိုင်း (Public Voice TV) ကိုလည်း ထုတ်လွှင့်ခဲ့သည်။[10] ၂၀၂၁ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။[11] မေလ ၈ ရက်နေ့တွင် စစ်ကောင်စီမှ ထိုတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု ထုတ်ပြန်ကြေညာခဲ့သည်။[12][13]