မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နစကဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဝန်ကြီးချုပ် / From Wikipedia, the free encyclopedia
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ[6][7] မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ တပ်မတော်သား တစ်ဦးဖြစ်ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာ၌ လက်ရှိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အိမ်စောင့်အစိုးရတွင်လည်း ဝန်ကြီးချုပ်အဖြစ် မိမိကိုယ်တိုင် ခန့်အပ်ကာ တာဝန်ထမ်းဆောင်နေသည်။ အိမ်စောင့်အစိုးရ၏ အစိုးရအကြီးအကဲအဖြစ် အုပ်ချုပ်ရေးအာဏာနှင့် ကောင်စီဥက္ကဋ္ဌအဖြစ် ဥပဒေပြုရေးအာဏာတို့ကို ကိုယ်တိုင်ကျင့်သုံးလျက်ရှိသည်။
မင်းအောင်လှိုင် | |
---|---|
မင်းအောင်လှိုင် (၂၀၂၁) | |
မြန်မာနိုင်ငံ၏ ၁၂ဦးမြောက် ဝန်ကြီးချုပ်[1][2] | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဩဂုတ် ၂၀၂၁ | |
ခန့်အပ်သူ | ကိုယ်တိုင် |
လက်ထောက် | စိုးဝင်း |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ[3] | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂ ဖေဖော်ဝါရီ ၂၀၂၁ | |
လက်ထောက် | စိုးဝင်း |
ယခင်လူ | ရာထူးစတင် |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ မတ် ၂၀၁၁ | |
သမ္မတ | ဦးသိန်းစိန် ဦးထင်ကျော် ဦးဝင်းမြင့် |
လက်ထောက် | စိုးဝင်း |
အတိုင်ပင်ခံပုဂ္ဂိုလ် | ဒေါ်အောင်ဆန်းစုကြည် |
ယခင်လူ | ဦးသန်းရွှေ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1956-07-03) ၃ ဇူလိုင်၊ ၁၉၅၆ (အသက် ၆၇) မကွေးတိုင်းဒေသကြီး ၊ မင်းဘူးမြို့ |
လူမျိုး | ထားဝယ် |
ကြင်ဖော်(များ) | ဒေါ်ကြူကြူလှ |
သားသမီး | အောင်ပြည့်စုံ ခင်သီရိသက်မွန် |
မိဘ | ပန်းချီဦးခင်လှိုင်(ထားဝယ်)[4]၊ ဒေါ်လှမူ(ထားဝယ်)[5] |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် (LL.B) စစ်တက္ကသိုလ် |
ဆုတံဆိပ်များ |
|
ဝက်ဘ်ဆိုဒ် | seniorgeneralminaunghlaing.com.mm |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
အမှုထမ်းကာလ | ၁၉၇၄–လက်ရှိ |
ရာထူး | ဗိုလ်ချုပ်မှူးကြီး |
Commands | ကာကွယ်ရေးဦးစီးချုပ် |
တိုက်ပွဲ/စစ်ပွဲများ | ပြည်သူ့ခုခံတော်လှန်စစ် |
သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် လက်ခံခဲ့သည်။ သူသည် နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ (NDSC) ၏အဖွဲ့ဝင်လည်းဖြစ်သည်။[8] သူသည် ယခင်က မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဖြစ်သည်။[9]ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အဓိကတာဝန်ရှိသူလည်းဖြစ်သည်။ နိုင်ငံခြားရေးမူဝါဒတွင် သူသည် အာဆီယံ၏လွှမ်းမိုးမှုကို တွန်းလှန်ပြီး ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့အပေါ် ပိုမိုအားကိုးခဲ့သည်။[10][11] သူ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ ဆက်တိုက်ချမှတ်ခံခဲ့ရလျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဒီမိုကရေစီ အညွှန်းကိန်း၏ အဆင့်သတ်မှတ်ချက်များအရ သူ၏လက်ထက်မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအာဏာရှင်အဆန်ဆုံးနိုင်ငံဖြစ်ခဲ့သည်။[12] ၂၀၂၃ ဧပြီလ ၁၃ တွင် တိုင်းမ်စ်မဂ္ဂဇင်းမှ သူ့အား "၂၀၂၃ ခုနှစ်၏ ဩဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀" ထဲတွင် ထည့်သွင်းခဲ့ပြီး "နိုင်ငံကိုအပယ်ခံဘဝသို့ ရောက်စေခဲ့သည်" ဟူ၍ဖော်ပြထားသည်။[13]