![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/2f/Flag_of_Armenia.svg/langmy-640px-Flag_of_Armenia.svg.png&w=640&q=50)
အာမေးနီးယားနိုင်ငံ
အနောက်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
အာမေးနီးယားနိုင်ငံ၏ တရားဝင်အမည်မှာ အာမေးနီးယားသမ္မတနိုင်ငံဖြစ်သည်။ ကော့ကေးဆပ် (Caucasus)နှင့် ယူရေးရှား (Eurasia) ဒေသမှ တောင်ထူထပ်သော ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သည်။ အနောက်တောင်အာရှ နှင့် အရှေ့ဥရောပ တို့ကြားတွင်တည်ရှိသည်။ [14] အနောက်ဘက်တွင် တူရကီနိုင်ငံ၊ မြောက်ဘက်တွင် ဂျော်ဂျီယာနိုင်ငံ၊ အရှေ့ဘက်တွင် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ၊ တောင်ဘက်တွင် အီရန်နှင့် အဇာဘိုင်ဂျန်၏ နာ့ခ်ချီဗန်ပြည်နယ် (Nakhchivan) တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။
အာမေးနီးယား သမ္မတနိုင်ငံ
| |
---|---|
နိုင်ငံတော် သီချင်း: Մեր Հայրենիք Mer Hayrenik ("ငါတို့ အဖမြေ") | |
![]() | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ယေရေဗန်မြို့ 40°11′N 44°31′E |
ရုံးသုံး ဘာသာစကားများ | အာမေးနီးယား[1] |
လူမျိုးစု (၂၀၁၁) | |
ကိုးကွယ်မှု | ခရစ်ယာန်ဘာသာ (Armenian Apostolic Church)[4] |
Demonym | အာမေးနီးယန်း |
အစိုးရ | ပြည်ထောင်စုစနစ်|ပြည်ထောင်စု ပါလီမန် သမ္မတနိုင်ငံ |
• သမ္မတ | အာမန် ဆာစီယန် |
• ဝန်ကြီးချုပ် | နီကောလ် ပါရှင်ညန် (ခေတ္တ) |
• အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ | အာရာရက် မီဇိုယန် |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
တည်ထောင်ခြင်း | |
• Orontid dynasty | ဘီစီ ၆ ရာစု6th century BC |
၁၉၀ ဘီစီ | |
• Arsacid dynasty | ၅၂–၄၂၈ |
• Bagratid Armenia | ၈၈၅–၁၀၄၅ |
• Kingdom of Cilicia | ၁၁၉၈–၁၃၇၅ |
• Republic of Armenia | ၁၉၁၈ ခုနှစ် ဧပြီလ ၂၂ ရက် |
• Soviet conquest | ၁၉၂၀ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် |
• Independence restored | ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက် |
• CIS Accession | ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် |
၁၉၉၂ ခုနှစ် မတ်လ ၂ ရက် | |
• လက်ရှိဖွဲ့စည်းပုံ | ၁၉၉၅ ခုနှစ် ဇူလိုင်လ ၅ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၂၉,၇၄၃ km2 (၁၁,၄၈၄ sq mi) (အဆင့်: ၁၃၈) |
• ရေထု (%) | ၄.၇၁[7] |
လူဦးရေ | |
• Q3 2020 ခန့်မှန်း | ၂,၉၆၇,၉၀၀ ![]() |
• ၂၀၁၁ သန်းခေါင်စာရင်း | ၃,၀၁၈,၈၅၄ ![]() |
• သိပ်သည်းမှု | ၁၀၁.၅/km2 (၂၆၂.၉/sq mi) (အဆင့် - ၉၉) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $32.893 billion[11] |
• Per capita | $၁၀,၉၉၅[11] |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၁၃.၄၄၄ ဘီလီယံ[11] (အဆင့် - ၁၂၇) |
• Per capita | $၄,၅၂၇[11] (အဆင့် - ၁၀၄) |
Gini (၂၀၁၉) | ![]() နိမ့် |
HDI (၂၀၁၉) | ![]() မြင့် · ၈၁ |
ငွေကြေး | ဒရမ် (֏) (AMD) |
အချိန်ဇုန် | AMT (UTC+4) |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၃၇၄ |
Internet TLD |
|
ယခင်ဆိုဗီယက်ပြည်ထောင်စု၏ ပြည်နယ်ဖြစ်ခဲ့သော အာမေးနီးယားသည် ရှေးကျသောဒီမိုကရေစီနိုင်ငံဖြစ်ခဲ့သည်။ ယဉ်ကျေးမှုမြင့်မားသည်။ [15] အာမေးနီးယားနိုင်ငံသည် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပထမဆုံးပြဋ္ဌာန်း ကိုးကွယ်သော တိုင်းပြည်ဖြစ်သည်။ ခရစ်နှစ် ၃၀၁ခုနှစ်မှစ၍ ကိုးကွယ်လာခဲ့သည်။ [16] ခေတ်သစ်အာမေးနီးယားနိုင်ငံသည် အာမေးနီးယန်းအပေါ်စတော်လစ်ဂိုဏ်း ကို အသိအမှတ်ပြုကိုးကွယ်သည်။ [17]
အာမေးနီးယားသည် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပကောင်စီ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ လွတ်လပ်သောနိုင်ငံများဓနသဟာယအဖွဲ့ (Commonwealth of Independent States)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့၊ ပင်လယ်နက်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of the Black Sea Economic Cooperation) စသော နိုင်ငံတကာအဖွဲ့အစည်းပေါင်း (၄၀)ကျော်၏ အဖွဲ့ဝင်ဖြစ်သည်။ ယင်းသည် Collective Security Treaty Organisation|CSTO) ၏ အဖွဲ့ဝင်ဖြစ်သည်။ စစ်ရေးမဟာမိတ်လည်းဖြစ်သည်။ နေတိုး၏ Partnership for Peace(PfP) ဖြစ်သည်။ ၂၀၀၄ခုနှစ်တွင် နေတိုးဦးဆောင်သော ကိုဆိုဗိုငြိမ်းချမ်းရေးထိန်းသိမ်းရေးစစ်တပ်တွင် ပါဝင်ခဲ့သည်။ ယူရေးရှန်းစီးပွားရေးအဖွဲ့ (Eurasian Economic Community) နှင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement) တို့၏ အဖွဲ့ဝင်လည်းဖြစ်သည်။