From Wikipedia, the free encyclopedia
ဥရောပ ဘောလုံးအဖွဲ့ချုပ် (အတိုကောက်:UEFA /ယူအေးဖာ/ အင်္ဂလိပ်: The Union of European Football Associations; ပြင်သစ်: Union des Associations Européennes de Football;[မှတ်စု 1] ဂျာမန်: Vereinigung Europäischer Fußballverbände)[မှတ်စု 2]) သည် ဘောလုံး၊ ဖူဆယ်ဘောလုံး၊ ကမ်းခြေဘောလုံး အားကစားနည်းများကို ဥရောပတွင် အုပ်ချုပ်သည့် အဖွဲ့အစည်းဖြစ်သည်။ သို့ရာတွင် အချို့သော အသင်းဝင်နိုင်ငံများမှာ မူလအားဖြင့်သော်လည်းကောင်း အလုံးစုံသော်လည်းကောင်း အာရှ၌ပါဝင်ခဲ့ကြသည်။ ဖီဖာ၏ ဘောလုံးအားကစား ကမ္ဘာ့တိုက်ကြီးများ နယ်မြေဒေသကြီး (၆)ခုမှ တစ်ခုဖြစ်သည်။ ယူအေးဖာတွင် အမျိုးသား ဘောလုံးအသင်း (၅၅) နိုင်ငံပါဝင်ကြသည်။
အတိုကောက် | UEFA (ယူအေးဖာ) |
---|---|
ဖွဲ့စည်းခြင်း | ၁၅ ဇွန် ၁၉၅၄ |
အမျိုးအစား | ဘောလုံးအားကစား အဖွဲ့အစည်း |
ဌာနချုပ် | ညောန်မြို့၊ ဆွစ်ဇာလန်နိုင်ငံ |
ကိုဩဒိနိတ် | 46.371009°N 6.23103°E |
ဝန်ဆောင်မှုဒေသ | ဥရောပ |
အဖွဲ့ဝင်များ | နိုင်ငံအသင်း (၅၅)သင်း |
ရုံးသုံးဘာသာစကားများ | အင်္ဂလိပ် ပြင်သစ် ဂျာမန် (တရားဝင်မဟုတ် သို့သော် အဓိကသုံးစွဲ : အီတလီ၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်) [1] |
ဥက္ကဋ္ဌ | Aleksander Čeferin[2] |
ပထမ ဒုတိယ ဥက္ကဋ္ဌ | Karl-Erik Nilsson |
ဒုတိယ ဥက္ကဋ္ဌများ | Sándor Csányi Luis Rubiales Fernando Gomes Michele Uva |
အထွေထွေအတွင်းရေးမှူး | Theodore Theodoridis |
အဓိကအဖွဲ့အစည်း | ယူအေးဖာ ကွန်ဂရက် |
မိခင်အဖွဲ့အစည်း | ဖီဖာ |
ဝက်ဘ်ဆိုဒ် | uefa.com |
ယူအေးဖာသည် ဥရောပတိုက်ရှိ နိုင်ငံဘောလုံးအသင်းများကို ကိုယ်စားပြု၍ နိုင်ငံ၊ ကလပ် ပြိုင်ပွဲများ : ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ၊ ယူအေးဖာ နိုင်ငံများလိဂ်၊ ယူအေးဖာ ချန်ပီယံလိဂ်၊ ယူအေးဖာ ယူရိုပါလိဂ်၊ ယူအေးဖာ စူပါ ဖလား ကို ကျင်းပပေးသည်။ ထိုပြိုင်ပွဲများရှိ ဆုကြေးငွေ၊ စည်းမျဉ်းများ၊ မီဒီယာ အခွင်းအရေးများကိုလည်း ထိန်းချုပ်စီမံသည်။
Henri Delaunay သည် ပထမဆုံး အထွေထွေအတွင်းရေးမှူးဖြစ်၍ Ebbe Schwartz သည် ပထမဆုံးဥက္ကဋ္ဌဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၆ အေသင်မြို့ (၁၂) ကြိမ်မြောက် အထူး ယူအေးဖာညီလာခံ၌ ရွေးချယ်တင်မြှောက်ခြင်းခံရသော သတ္တမမြောက် ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။ ဤရာထူးသည် အလိုအလျှောက် ဖီဖာ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ရသည်။[3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.