ရေကန်
From Wikipedia, the free encyclopedia
ရေကန်ဆိုသည်မှာ ကုန်းမြေထုအတွင်းတွင် ကြီးမားသည့်ရေထုရှိသည့်နေရာအားခေါ်ဆိုခြင်းဖြစ်သည်။ သမုဒ္ဒရာများမှ သီးခြားဆီ ရှိနေပြီး ပင်လယ်လည်း မဟုတ်ချေ။ အချို့သော ရေကန်များသည် အလွန်ကြီးမားကြပြီး ရှေးလူများက မသိကြသဖြင့် ပင်လယ်ဟူ၍ပင် ခေါ်ဝေါ်ကြသည်။ ရေကန်များသည် မြစ်များကဲ့သို့ ရေမစီးနေသော်လည်း မြစ်များသည် ထိုရေကန်များအတွင်းသို့ စီးဝင် စီးထွက်နေတတ်ကြသည်။
ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ရှိ ရေကန်အများစုသည် ရေချိုဖြစ်ကြပြီး ထိုရေကန်များအား ကမ္ဘာ့မြောက်ဘက်ခြမ်းတွင်များဆုံးတွေ့ရသည်။ ကမ္ဘာ့ရေကန်အားလုံး၏ ၆၀ ရာခိုင်နှုန်းသည် ကနေဒါနိုင်ငံတွင်တည်ရှိနေသည်။ ဖင်လန်နိုင်ငံအား ရေကန်ပေါင်းသောင်းချီသည့်မြေဟုလည်း ခေါ်ဆိုကြသည့်အတိုင်း ထိုနိုင်ငံတွင် ရေကန်ပေါင်း ၁၈၇,၈၈၈ ကန်ရှိပြီး ၆၀၀၀၀မှာ ရေကန်ကြီးများဖြစ်ကြသည်။[1]
ရေကန်အချို့ကို လူတို့မှ ပြုလုပ်ကြသည့် အများစုမှာ ရေလှောင်တံမံများဖြစ်ကြကာ လျှပ်စစ်နှင့် အပန်းဖြေရန်အတွက် သို့မဟုတ် စိုက်ပျိုးရေး၊ လူနေအိမ်များနှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက်ဖြစ်သည်။ မြစ်များ ကန်ထဲသို့ ရေမစီးလျှင် သို့မဟုတ် အနည်းငယ်သာရှိပြီး သေးငယ်နေလျှင် ထိုရေကန်ရှိရေသည် အငွေ့ပြန်၍လည်းကောင်း မြေဆီလွှာအတွင်း စိမ့်ဝင်၍လည်းကောင်း ကုန်ဆုံးသွားမည်ဖြစ်သည်။ ရေကန်၏ အငွေ့ပြန်မှုသည် အလွန်လျင်မြန်နေပြီး ထိုကန်တဝိုက်ရှိမြေဆီလွှာတွင် အငန်ဓာတ်များမြင့်မားနေကာ အလွန်ခြောက်သွေ့သောနေရာဖြစ်လျှင် ထိုကန်၏ရေသည်လည်း ဆားပျော်ဝင်မှုနှုန်းမြင့်မာနေမည်ဖြစ်ပြီး ထိုသို့သောကန်မျိုးကို ဆားရေကန်ဟုခေါ်တွင်ကြသည်။ ဥပမာအနေဖြင့် မဟာဆားရေကန်၊ ကက်စပီယံပင်လယ်၊ အေရယ်ပင်လယ်နှင့် ပင်လယ်သေတို့သည် ဆားကန်များဖြစ်ကြသည်။