၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မြန်မာနိုင်ငံ၊ နေပြည်တော်မြို့၌ ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၁ရက်မှ ၂၂ရက်အထိကျင်းပသော ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၆၁၊ ၁၉၆၉ပွဲတော်များကို အိမ်ရှင်အဖြစ် ၂ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၃ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲ၏ ကနဦးနိုင်ငံများတွင် ပါဝင်သော မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖြစ် အမည်ပြောင်းလဲပြီးနောက် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်ကာ နှစ်ပေါင်း ၄၄နှစ်ကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | နေပြည်တော် | ||
---|---|---|---|
ဆောင်ပုဒ် | Green, Clean and Friendship မြန်မာ: စိမ်းလန်းသန့်စင်တို့ချစ်ခင် | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၄၇၃၀ | ||
ကစားပွဲအမျိုးအစား | ၄၆၀ (၃၃မျိုး)[1] | ||
ဖွင့်ပွဲအခမ်းအနား | ၁၁ ဒီဇင်ဘာ ၂၀၁၃ | ||
ပိတ်ပွဲအခမ်းအနား | ၂၂ ဒီဇင်ဘာ ၂၀၁၃ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဦးဉာဏ်ထွန်း မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | ဦးဉာဏ်ထွန်း မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ | ||
Athlete's Oath | စန္ဒီဦး | ||
Torch Lighter | ဝေလင်းထွန်း | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | 27th Southeast Asian Games 27th Southeast Asian Games | ||
|
နိုင်ငံ (၁၁) နိုင်ငံမှ အားကစားသမားပေါင်း ၄,၇၃၀ ခန့်က အားကစားနည်း ၃၃မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အသစ်တည်ဆောက်ပြီးစီးသည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း တွင် ကျင်းပခဲ့သည်။ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။