ဂရီတာ ဂါးဘိုး
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ခေတ်ဟောင်းမင်းသမီးကြီး ဂရီတာဂါးဘိုး (အင်္ဂလိပ်: Greta Garbo) အား ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမြို့တွင် ၁၉ဝ၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က မွေးဖွားခဲ့၏။ မိဘနှစ်ပါးမှာ ဆဗင်နှင့် လုဗီဆာဂုစတက်ဖ်ဆင်တို့ ဖြစ်ကြသည်။ စတော့ခ်ဟုမ်းမြို့တော်တွင်ဇာတ်သဘင် အကယ်ဒမီသိပ္ပံတွင် သရုပ်ဆောင် အကပညာရပ်များ လေ့ကျင့်သင်ကြားခဲ့ရ၏။ တော်ဝင်ဇာတ်သဘင် အကယ်ဒမီတွင် တက်ရောက်ရင်းကုန်ပစ္စည်းကြော်ငြာ ရုပ်ရှင်များတွင် ကိုယ်ဟန်ပြမယ်အဖြစ်ပါဝင်သည်။
ဂရီတာ ဂါးဘိုး | |
---|---|
Garbo in Inspiration (1931) | |
ဇာတိ အမည် | Greta Garbo |
မွေးဖွား | ဂရီတာ လိုဗီဆာ ဂုစတက်ဖ်ဆင် (အင်္ဂလိပ်: Greta Lovisa Gustafsson) ၁၈ စက်တင်ဘာ၊ ၁၉၀၅ စတော့ဟုမ်းမြို့၊ ဆွီဒင်နိုင်ငံ |
ကွယ်လွန် | ၁၅ ဧပြီ၊ ၁၉၉၀ ၈၄) နယူးယောက်မြို့၊ အမေရိကန်ပြည်ထောင်စု | (အသက်
ထာဝရ နားခိုရာနေရာ | Skogskyrkogården သုဿန်၊ စတော့ဟုမ်းမြို့ |
နိုင်ငံသား |
|
အလုပ်အကိုင် | သရုပ်ဆောင် |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၂၀ – ၁၉၄၁ |
လက်မှတ် | |
၁၉၂၅ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့နေထိုင်ခဲ့ရာ ၁၉၅၁ ခုနှစ်ရောက်သော် အမေရိကန်နိုင်ငံသားအဖြစ် ခံယူလိုက်၏။ ဂါးဘိုးသည် ၁၉၅၄ ခုနှစ်တွင် ဂုဏ်ထူးဆောင် အကယ်ဒမီဆု ချီးမြှင့်ခံရသည်။ အသက် ၃၆ နှစ်အရွယ်အရွယ်ကောင်းမှာပင် ရုပ်ရှင်ရိုက်ကူးခြင်းကို ရပ်တန့်ထားခဲ့သည်။ သို့သော် ပရိသတ်ရှေ့မှောက်မှ ဤသို့နှစ်ပေါင်း ၅ဝ ခန့် ပျောက်ကွယ်နေခဲ့သော်လည်း ဂါးဘိုးသည် ခေတ်ဟောင်း ရုပ်ရှင်ပညာသည်ကြီးများအနက် အကျော်ကြားဆုံးဖြစ်ခဲ့၏။ သူမ၏ ရုပ်ရှင်မင်းသမီးသက်တမ်း တစ်လျှောက်တွင် အော်စကာ(ထူးချွန်ဆု) တစ်ကြိမ်တစ်ခါမျှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိသော်လည်း ဟောလိဝုဒ်အသိုင်းအဝန်းတွင် နေရာထား လေးစားခြင်း ခံခဲ့ရ၏။
မင်းသမီးကြီးသည် ပညာရည်ပြည့်ဝသော အဆင့်အတန်း မြင့်မြင့် ဒါရိုက်တာ အနည်းငယ်မျှနှင့်သာ ရုပ်ရှင်ရိုက်ကူးလေ့ ရှိသဖြင့် သူမပါဝင် သရုပ်ဆောင်သော ဇာတ်ကားအရေအတွက် မှာလည်း အနည်းငယ်မျှသာ ရှိခဲ့ရသည်။ ဂါးဘိုး ပါဝင်ခဲ့သော ဇာတ်ကားများမှာ အသံတိတ် ၁၄ ကား၊ အသံထွက် ၁၄ ကား မျှသာရှိ၏။ ဂါးဘိုး၏ သရုပ်ဆောင်ဟန်မှာ အိပ်မွေ့ချ စိတ်ညှို့ ပညာရှင် တစ်ဦးက စူးစိုက်ကြည့်နေသကဲ့သို့ ပရိသတ်ရင်တွင် ခံစားကြရသည်။ ဟောလိဝုဒ် ရုပ်ရှင်သမိုင်းတွင် ထူးခြားသော အလှတစ်ပါးအဖြစ် အသိအမှတ်ပြုခံခဲ့ရသော ဂါးဘိုးသည် ပရိသတ်အား သူမ၏ ချောက်ချားဖွယ် အလှဖြင့် ဖမ်းစားထား နိုင်ခဲ့၏။ ဂါးဘိုး၏အလှကို ကြည့်လိုက်ရသော ပုရိသ ယောက်ျားသားတစ်ဦးအဖို့ အရက်မူးသမားကဲ့သို့ မူးယစ်ဝေ သောရသကို ခံစားရသည်ဆို၏။
ဂါးဘိုး၏ အမည်အရင်းမှာ ဂရီတာ ဂုစတက်ဖ်ဆင် ဖြစ်သည်။ ဆင်းရဲသော မိဘများမှ မွေးဖွားလာသော်လည်း သူမ၏ ဥပဓိရုပ်သွင်က အထက်တန်းစား မြို့စား ရွာစား မှူးမတ်အနွယ်တော်တစ်ပါး၏ တည်ငြိမ်အေးဆေးသော အလှကို အထင်အရှား ဖော်ပြနေ၏။ အစပထမပိုင်းတွင် ကိုယ်ဟန် ပြမယ်ကလေးအဖြစ် ကုန်ပစ္စည်း ကြော်ငြာသော ရုပ်ရှင် ဇာတ်ကားများတွင် ခိုးခိုးခစ်ခစ် ရယ်မောဟန်ကလေးများဖြင့် ပါဝင် သရုပ်ဆောင်ခဲ့ရသည်။ ဆွီဒင်ဒါရိုက်တာကြီး မောရဇ်စတီလာက အရိုင်းသက်သက် ကိုယ်ဟန်ပြမယ်ကလေး၏ အနုပညာ အရည်အသွေး များကို ဖော်ထုတ်ပေးနိုင်လျှင် အနာဂတ် ရုပ်ရှင်လောက၏ မင်းသမီးကောင်း တစ်လက်အဖြစ် ထွန်းတောက်လာနိုင်မည့် အလားအလာ ကို တွေ့မြင်သွားသည်။ ဤသို့ဖြင့် မောရဇ်စ တီလာသည် ဆယ်ကျော်သက် ကိုယ်ဟန်ပြမယ်ကလေး၏ အမည်ကို ဂရီတာ ဂုစတက်ဖ်ဆင်မှ ဂရီတာ ဂါးဘိုးဟု ပြောင်းလဲပေးလိုက်ပြီး ၁၉၂၄ ခုနှစ်တွင် The Story Of Gosta Berling ဇာတ်ကား၌ ခေါင်းဆောင်မင်းသမီးတင်၍ ရိုက်ကူးခဲ့သည်။ ယင်းဇာတ်ကားမှာ ဂါးဘိုး၏ ပွဲဦးထွက်ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်သည်။
၁၉၄၁ ခုနှစ်တွင်ပြသသော Two Faced Woman ဇာတ်ကားထဲ၌ ဇာတ်ဝင်ခန်းတစ်ခန်းတွင် ဂါးဘိုးသည်ကြက်မြီးပါတီပွဲမှ ထွက်သွားရင်း ကျွန်မပြန်လာခွင့် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဟု မိတ်ဆွေများကို လှမ်းနှုတ်ဆက်သွားသည်။ တကယ်လည်း မင်းသမီးကြီး ဂါးဘိုးအဖို့ ထို ဇာတ်ကားသည် သူမနောက်ဆုံးပါဝင်သော ဇာတ်ကား ဖြစ်နေ၏။၁၉၃၂ ခုနှစ် Grand Hotel ဇာတ်ကားတွင် ဂါးဘိုးကတစ်နေရာ၌ ကျွန်မတော့ တစ်ယောက်ထဲပဲ နေချင်တယ် ဟုအမှတ်မထင် ပြောလိုက်သော စကားတစ်ခွန်းပါရှိသည်။ ထိုစကားအတိုင်းပင် ဂါးဘိုးသည် ရုပ်ရှင်မရိုက်တော့သည့်နောက်ပိုင်း တစ်ယောက်ထီးတည်း နေထိုင်သွားခဲ့၏။ ရုပ်ရှင် နယ်တွင်ရှိစဉ်က အမ်ဂျီအမ် (မေထရိုဂိုလ်ဒွင်မေယာ) ကုမ္ပဏီနှင့်သာ တစ်လျှောက်လုံး ရုပ်ရှင်ရိုက်ကူးပေးခဲ့သဖြင့် ကုမ္ပဏီနှင့်ဂါးဘိုးသည် နှစ်ကိုယ့် တစ်စိတ်လို ဖြစ်နေကြသည်။ ဂရီတာဂါးဘိုးသည် ၁၉၉ဝ ပြည့်နှစ် ဧပြီလတွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် (၈၄)နှစ် အရွယ်ရှိ၏။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.