ငှက်မျိုးစိတ်များ From Wikipedia, the free encyclopedia
ငန်းအ သည် ငန်းငှက်တစ်မျိုး ဖြစ်ပြီး ယူရေးရှား (အာရှနှင့် ဥရောပနှစ်ခုပေါင်း) နှင့် အာဖရိကတိုက် မြောက်ဖျားစွန်းတို့တွင် တွေ့ရသည်။ သိပ္ပံအမည်မှာ ဆစ်ဂနက် အိုလော ဖြစ်သည်။ ငန်းအများကို မြောက်အမေရိကတိုက်၊ ဩစတြေးလျတိုက်နှင့် အာဖရိကတိုက်တောင်ပိုင်းဒေသများသို့လည်း လူသားတို့က တင်သွင်းယူဆောင်ထားသည်။ ငန်းအဟု ခေါ်ရခြင်းမှာ အခြားသောငန်းမျိုးစိတ်များထက်စာလျှင် အသံပြုခြင်း နည်းပါးသောကြောင့် ဖြစ်လေသည်။ ကိုယ်အရှည်မှာ ၁၂၅ မှ ၁၇၀ စင်တီမီတာ (၄၉ မှ ၆၇ လက်မ) ရှိသည်။ ကြီးမားသောငန်းကြီး တစ်မျိုးဖြစ်ပြီး တကိုယ်လုံးဆွတ်ဆွတ်ဖြူနေသည်။ [2] ငန်းအများတွင် နှုတ်သီးမှာ လိမ္မော်ရောင်ဖြစ်ပြီး နှုတ်သီးရင်းတွင် အမည်းရောင်အဖုတစ်ခု ပါရှိသည်။ ငန်းအများ ကို ဥရောပမှ အာရှတိုက်အလယ်ပိုင်းအထိ တွေ့ရသည်။[3]
Mute swan | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Anseriformes |
မျိုးရင်း: | Anatidae |
မျိုးရင်းသေး: | Anserinae |
မျိုးစု: | Cygnus |
မျိုးစိတ်: | C. olor |
ဒွိနာမ | |
Cygnus olor (Gmelin, 1789) | |
Global map of eBird reports of this species Year-round range Summer range Winter range | |
Synonyms | |
|
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.