ကော်ဒိတ်

From Wikipedia, the free encyclopedia

ကော်ဒိတ်
Remove ads

ကော်ဒိတ် (/ˈkɔːrdt/) ဆိုသည်မှာ ကော်ဒေတာ(Chordata) မျိုးပေါင်းစု (phylum) ဝင် အကောင်များ (animal) ကို ဆိုလိုသည်။ (နိုတကော့ဒ် ((notochord)) ရှိသူများကို ကော်ဒေတာ မျိုးပေါင်းစုဝင်ဟု ခေါ်ကြသည်။)

Deuterostomes
Ambulacraria

Hemichordates

Echinoderms

Chordates

Cephalochordates

Olfactores

Tunicates

Craniates (ကျောရိုးရှိသတ္တဝါများ)

ကော်ဒိတ် မိသားစုဝင်များဆက်စပ်ပုံဇယား (family tree)[]
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, Subgroups ...
Remove ads

ခန္ဓာဗေဒ

Thumb
ဖန်ငါးခူ (glass catfish သို့မဟုတ် Kryptopterus vitreolus)သည် ကျောရိုး(backbone)ကို အပြင်မှ မြင်နိုင်သည့် ကော်ဒိတ်အချို့မှ တစ်မျိုး ဖြစ်သည်။ ကျောရိုးအာရုံကြော(spinal cord)သည် ကျောရိုးအတွင်း၌ ရှိသည်။

ကော်ဒိတ်များသည် ၎င်းတို့ဘဝအဆင့်အချို့တွင် အောက်ပါ ခန္ဓာဗေဒသွင်ပြင်လက္ခဏာများရှိသော တိရစ္ဆာန်လောက(Animalia Kingdom)အတွင်းရှိ မျိုးပေါင်းစုတစ်ခုအဖြစ် သတ်မှတ်သည်။[]

  • နိုတကော့ဒ် (notochord)။ ခန္ဓာကိုယ်၏ အတွင်းပိုင်းတစ်လျှောက်တွင် အရိုးနုဖြင့် ဖွဲ့စည်းထားသည့် အတန်အသင့်မာသော အချောင်း။ ကျောရိုးရှိ သတ္တဝါအမျိုးအစားတွင် ၎င်းသည် ကျောရိုး (spine) အဖြစ်သို့ ဖွံ့ဖြိုးသည်။ ရေနေမျိုးစိတ်များတွင် ၎င်းသည် အမြီးကို အားဖြည့်ခြင်းဖြင့် ရေကူးရာတွင် အထောက်အကူပြုသည်။
  • ကျောရိုးအာရုံကြောသွားပိုက် (dorsal neural tube)
  • ဖဲရဲန်ဂျီးယယ်ကွဲကြောင်း (Pharyngeal slit)
  • အမြီး (Post-anal tail)
  • အဲန်ဒိုစတိုင်လ် (Endostyle)။ လည်ချောင်းဝ (pharynx)၏ အောက်ပိုင်းနံရံ (ventral wall) တွင်ရှိသော မြောင်း (groove)။ ရေစာစစ်စားကောင်များ (Filter feeder) မျိုးစိတ်တွင် ၎င်းသည် အစာအပိုင်းအစများကို စုဆောင်းရန်နှင့် အီဆော့ဖစ်ဂပ်စ် (esophagus)သို့ သယ်သွားရန် အထောက်အကူပြုသည့် အကျိအချွဲများ သို့မဟုတ် သလိပ်ရည်တို့ကို ထုတ်လုပ်ပေးသည်။[] ၎င်းသည် အိုင်အိုဒင်းကို သိုလှောင်နိုင်ပြီး၊ ကျောရိုးရှိ သတ္တဝါတို့တွင် သိုင်းရွိုက်ဂလင်း (thyroid gland) ၏ ရှေ့ပြေးဟုဆိုနိုင်သည်။[]
(cephalochordate) (Amphioxus)တစ်ကောင်၏ ခန္ဓာဗေဒ သရုပ်ပြပုံ။ ကော်ဒိတ်များ၏ ဘဝအဆင့်အချို့တွင် ပိုင်ဆိုင်သော တခြား မျိုးပေါင်းစုများမှ ကွဲလွဲသည့် ခန္ဓာဗေဒသွင်ပြင်လက္ခဏာများတို့ကို စာလုံးမည်းဖြင့် ပိုထင်ရှားအောင် ပြထားသည်။
Remove ads

အမျိုးအစားခွဲခြားခြင်း

အောက်ပါ အမျိုးအစားခွဲခြားခြင်းဇယားသည် ၂၀၀၄-ခုနှစ်ထုတ် ကျောရိုးရှိသတ္တဝါဆိုင်ရာ နိခါတကဗေဒစာအုပ်မှ ဖြစ်သည်။[][] ကျောရိုးမဲ့ ကော်ဒိတ်မျိုးပေါင်းများ (invertebrate chordate classes) မှာမူ ကမ္ဘာ့ငါးများ (Fishes of the World) စာအုပ်မှ ဖြစ်သည်။[]

  • ကော်ဒိတ်မျိုးပေါင်းစု (Phylum Chordate)
    • Vetulicolia?
    • မျိုးပေါင်းစုသေး (Subphylum) Cephalochordata (Acraniata) – (lancelets၊ မျိုးစိတ် ၃၀-ခု)
      • မျိုးပေါင်း (Class) Leptocardii (lancelets)
    • Clade Olfactores
      • မျိုးပေါင်းစုသေး (Subphylum) Tunicata (Urochordata) – (tunicates၊ မျိုးစိတ် ၃,၀၀၀-ခု)
        • မျိုးပေါင်း (Class) Ascidiacea (sea squirts)
        • မျိုးပေါင်း (Class) Thaliacea (salps)
        • မျိုးပေါင်း (Class) Appendicularia (larvaceans)
        • မျိုးပေါင်း (Class) Sorberacea
      • မျိုးပေါင်းစုသေး (Subphylum) Vertebrata (Craniata) (ကျောရိုးရှိသတ္တဝါများ (vertebrates)၊ မျိုးစိတ် ၅၇,၆၇၄-ခု)
        • မျိုးပေါင်းကြီး (Superclass) 'Agnatha' paraphyletic (မေးရိုးမဲ့ ကျောရိုးရှိသတ္တဝါများ (jawless vertebrates)၊ မျိုးစိတ် ၁၀၀ ကျော်)
        • Infraphylum Gnathostomata (မေးရိုးနှင့် ကျောရိုးရှိသတ္တဝါများ)
          • မျိုးပေါင်း (Class) †Placodermi (Paleozoic armoured forms; paraphyletic in relation to all other gnathostomes)
          • မျိုးပေါင်း (Class) Chondrichthyes (အရိုးနု ငါးအမျိုးအစားများ (cartilaginous fish)၊ မျိုးစိတ် ၉၀၀ ကျော်)
          • မျိုးပေါင်း (Class) †Acanthodii (Paleozoic "spiny sharks"; paraphyletic in relation to Chondrichthyes)
          • မျိုးပေါင်း (Class) Osteichthyes (အရိုးမာ ငါးအမျိုးအစားများ၊ မျိုးစိတ် ၃၀,၀၀၀ ကျော်ရှိ)
            • မျိုးပေါင်းသေး (Subclass) Actinopterygii (ဆူးတောင်ဆက် ငါးအမျိုးအစားများ (ray-finned fish)၊ မျိုးစိတ် ၃၀,၀၀၀ ခန့်ရှိ)
            • မျိုးပေါင်းသေး (Subclass) Sarcopterygii (ဆူးတောင်ဖု ငါအမျိုးအစားများ (lobe-finned fish)၊ မျိုးစိတ် ၈-ခု)
          • မျိုးပေါင်းကြီး (Superclass) Tetrapoda (ခြေလေးချောင်းနှင့် ကျောရိုးရှိသတ္တဝါများ၊ မျိုးစိတ် ၂၈,၀၀၀ ကျော်) (အောက်ဖော်ပြပါ မျိုးရိုးအခွဲများသည် Benton 2004 စာအုပ်[]မှ ယူထားခြင်းဖြစ်ပြီး၊ အဆင့်အတန်းအခြေပြု လင်းနီးယပ်၏ မျိုးရိုးခွဲခြားခြင်းစနစ် (Linnaean taxonomy)နှင့်လည်း ပေါင်းစပ်ထားကာ၊ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အရ ဆက်စပ်မှုများကိုလည်း ထင်ဟပ်ထားစေသည်။ ယခင်က ပိုမိုမြင့်မားသော မျိုးရိုးခွဲအဆင့် သတ်မှတ်ခံထားရသော်လည်း Benton သည် ဆူးတောင်ဖု ငါအမျိုးအစားများ (lobe-finned fish)မှ tetrapods များ၏ တိုက်ရိုက်ဆင်းသက်မှုကို ထင်ဟပ်စေရန် မျိုးပေါင်းကြီး Tetrapoda ကို မျိုးပေါင်းသေး Sarcopterygii တွင်ထည့်သွင်းခဲ့သည်။)
            • မျိုးပေါင်း (Class) Amphibia (ကုန်းတစ်ပိုင်း ရေတစ်ပိုင်းသတ္တဝါ၊ မျိုးစိတ် ၈,၁၀၀ ကျော်ရှိ)[]
            • မျိုးပေါင်း (Class) Sauropsida (တွားသွားသတ္တဝါများ(ငှက်များအပါအဝင်၊ မျိုးစိတ် ၁၉,၀၀၀ကျော် – ငှက်မျိုးစိတ် ၁၀,၀၀၀ ကျော်နှင့် တွားသွားသတ္တဝါ မျိုးစိတ် ၉,၅၀၀ ကျော်)[၁၀][၁၁]
            • မျိုးပေါင်း (Class) Synapsida (နို့တိုက်သတ္တဝါများ၊ မျိုးစိတ် ၅,၇၀၀ ကျော်)
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads