From Wikipedia, the free encyclopedia
ညိုထွန်းလူသည် ရသစာပေဆောင်းပါးများ၊ ဝတ္ထုတိုများနှင့် ဘာသာပြန်ဆောင်းပါးများ ရေးသားသော စာရေးဆရာတစ်ဦးဖြစ်သည်။ ၁၉၅၃ ခုနှစ်၊၁၀ လပိုင်း၊ ၁၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့၌ အဖ ဦးတင်ထွန်း၊ အမိ ဒေါ်တင်ညွန့်တို့မှ မွေးဖွားခဲ့ပြီး တစ်ဦးတည်းသော သားတစ်ယောက် ဖြစ်သည်။ အမည်ရင်းမှာ ဦးတင်မောင်ထွန်း ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ညိုထွန်းလူ | |
---|---|
မွေးဖွား | တင်မောင်ထွန်း ၁၄ အောက်တိုဘာ၊ ၁၉၅၃ စစ်ကိုင်းတိုင်းဒေသကြီး ၊အရာတော်မြို့ |
နိုင်ငံလူမျိုး | ဗမာလူမျိုး |
ပညာရေး | B.V.S |
မိခင်ကျောင်း | ရန်ကုန်တိမွေးကုတက္ကသိုလ် |
အလုပ်အကိုင် | စာရေးဆရာ၊ ရသဆောင်းပါး၊ ဝတ္တုတို |
ကျော်ကြားမှုအရင်းခံ | နိုင်ငံကျော် စာရေးဆရာ |
အိမ်ထောင်ဖက်(များ) | မီမီသော် |
မိဘ(များ) | အဖ ဦးတင်ထွန်း၊ အမိ ဒေါ်တင်ညွန့် |
ရရှိသည့်ဆုများ | ထန်းရိပ်ညိုစာပေဆု၊ ကလေးစာပေဆု၊ တော်ဘုရားလေးစာပေဆု၊ မဲခေါင်-မြန်မာ စာပေဆု[1] |
ငယ်စဉ်ကစစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ဘူတာ အ.မ.က နှင့်အရာတော်မြို့၊ အ.ထ.က တွင်ပညာသင်ကြားခဲ့သည်။ ၁၉၇၃-ခုနှစ်တွင်မန္တလေးမြို့၊ အ.ထ.က (17) မှ ဒဿမတန်းအောင်မြင်သည်။ ၁၉၈၀-ခုနှစ်တွင်ရန်ကုန်တိမွေးကုတက္ကသိုလ်မှ B.V.S ဘွဲ့ရခဲ့သည်။
၁၉၈၆-ခုနှစ်တွင်စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၆- ခုနှစ်တွင်ညိုထွန်းလူ ကလောင်ဖြင့် ဝတ္ထုများကိုရေးသားသည်။ ၁၉၉၆-၂၀၀၁-ခုနှစ်ထိကြော်ငြာနှင့်လမ်းညွှန် မဂ္ဂဇင်းတွင် "ကိုထွန်း လမ်း(၈၀)"ကလောင်အမည်ဖြင့် မန္တလေးအတွေး၊ မန္တလေးအရေး ခေါင်းစဉ်ယူကာ လစဉ်ပင်တိုင် မန္တလေးမြင်ကွင်းများကို ရေးသားခဲ့သည်။
၂၀၀၁-ခုနှစ်မှယနေ့အထိတိုင် ပေါ်ပြူလာဂျာနယ်တွင် "ဗေတိုးပုံ" ကလောင်အမည်ဖြင့် အပတ်စဉ်ပင်တိုင် သရော်စာများရေးသားလျက်ရှိသည်။
၂၀၀၂ ခုနှစ်တွင် ညိုထွန်းလူ ကလောင်အမည်ဖြင့် စန္ဒကူး အိမ်ဝတ္ထုတို ပေါင်းချုပ်။
၂၀၀၆ ခုနှစ်တွင် ညိုထွန်းလူ ကလောင်အမည်ဖြင့် လွမ်းတဲ့ည ဝတ္တုတို ပေါင်းချုပ်။
၂၀၀၆ ခုနှစ်တွင် "ကိုထွန်း လမ်း(၈၀)" ကလောင်အမည်ဖြင့် မန္တလေး အတွေး၊မန္တလေး အရေးစာအုပ်များ ထုတ်ဝေခဲ့သည်။
မြန်မာတိုင်း၊ Light မဂ္ဂဇင်း၊ ရတီမဂ္ဂဇင်းတို့အပါအဝင်မဂ္ဂဇင်းများတွင်ဝတ္ထုရှည်များ ဆောင်းပါးများကို ပုဒ်ရေ (၂၀၀၀)ခန့်ရေးသားခဲ့သည်။
၂၀၀၇ ခုနှစ်တွင် နေဝင်းမြင့် နှင့် တွဲဖတ်၍ ကပေါတဂီရိ (သို့မဟုတ်) စိမ်းလန်းသောချိုးတောင်ပုံရိပ်များ ခရီးသွားဆောင်းပါး စာအုပ်ထွက်ရှိသည်။ ဆိုင်းတောင်ည၊ ချောင်းကျဉ်းရေစုန်၊ မျက်ရည်များ၊ ဥစ္စာစောင့်၊ ကိုးဆယ်ခွန်၊ စသည့် ဝတ္တုများကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့သည်။
(၃ဝ၊၁ဝ၊၂ဝဝ၈)ရက်တွင် မမီမီသော် B.Sc(Math) ပန်းပွင့်အိမ်အလှပြုပြင်ရေး နှင့် လက်ထပ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.