အရာတော်မြို့
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့ From Wikipedia, the free encyclopedia
Remove ads
အရာတော်မြို့ သည် မြန်မာနိုင်ငံအထက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင်တွင် ပါဝင်ပြီး အရာတော်မြို့နယ်၏ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။ မုံရွာမြို့၏အရှေ့မြောက်ဘက် ၂၇ မိုင် အကွာတွင်တည်ရှိ၍ မုံရွာမှ မော်တော်ကားလမ်း ရှိသည်။ မိုးနည်းရေရှားရပ်ဝန်းဒေသတွင် တည်ရှိ၍ နွေအခါ အတော်အတန် ပူပြင်းခြောက်သွေ့သဖြင့် ရေရှားပါးသောကြောင့် ရေကန်များစွာတူးလျက် ကန်ရေကိုသာ အားထားကြရသည်။ မြို့နယ်လူထုသည် များသောအားဖြင့် လယ်ယာ လုပ်ကိုင်သူများဖြစ်ကြ၍ ပြောင်း၊ ပဲ၊ နှမ်းနှင့် ဝါဂွမ်းများကို စိုက်ပျိုးကြသည်။ အိုးခွက်နှင့် ပန်းပဲအလုပ်ကို လည်း လုပ်ကိုင်ကြသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ အရာတော်မြို့၏ လူဦးရေမှာ ၂၄၄၄ ယောက် ဖြစ်သည်။ အရာတော်မြို့ တွင် နယ်မြေ သုံးခု ရှိသည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads