နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
မြန်မာနိုင်ငံစစ်အစိုးရ (၁၉၉၇–၂၀၁၁) / From Wikipedia, the free encyclopedia
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) (အင်္ဂလိပ်: State Peace and Development Council (SPDC)) သည် ၂၀၁၁ခုနှစ်မတိုင်မီ အုပ်ချုပ်ခဲ့သော မြန်မာစစ်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည်။ နအဖ သည် ၁၉၈၈ ခုနှစ် အာဏာသိမ်း အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။ နဝတသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ၏ အခန်းကဏ္ဍကို အစားထိုးပြောင်းလဲထားပြီး၊ အပေါ်ယံကသာ အဓိကပြောင်းထားခြင်းဖြစ်သည်။ ၁၉၉၇ တွင် နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် (၁၉၈၈–၂၀၁၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၂၀၁၁) Union of Burma (၁၉၈၈–၁၉၈၉) Union of Myanmar (၁၉၈၉–၂၀၁၁) Republic of the Union of Myanmar (၂၀၁၁) | |
---|---|
မြို့တော် | ရန်ကုန်မြို့ (၁၉၈၈–၂၀၀၆) နေပြည်တော် (၂၀၀၆–၂၀၁၁) |
အကြီးဆုံးမြို့ | ရန်ကုန် |
ရုံးသုံး ဘာသာစကားများ | မြန်မာဘာသာ |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
အစိုးရ | စစ်အာဏာရှင်စနစ်နှင့် စစ်တပ်အဖွဲ့အစည်းစနစ် |
• ဥက္ကဋ္ဌ | |
• ဒုဥက္ကဋ္ဌ | |
ဥပဒေပြုလွှတ်တော် | မရှိ (ဖျက်သိမ်းထား) |
ဖြစ်ရပ်များ | |
၁၈ စက်တင်ဘာ ၁၉၈၈ | |
• အောင်ဆန်းစုကြည်ဖမ်းဆီးခံရခြင်း | ၂၀ ဇူလိုင် ၁၉၈၉ |
• အာဆီယံအဖွဲ့ဝင်ဖြစ်လာခြင်း | ၂၃ ဇူလိုင် ၁၉၉၇ |
၁၅ ဩဂုတ် ၂၀၀၇ | |
• ရွေးကောက်ပွဲကျင်းပခြင်း | ၇ နိုဝင်ဘာ ၂၀၁၀ |
• အောင်ဆန်းစုကြည်လွတ်မြောက်လာခြင်း | ၁၃ နိုဝင်ဘာ ၂၀၁၀ |
• ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အမည်ပြောင်းခြင်း | ၃၁ ဇန်နဝါရီ ၂၀၁၁[1][2] |
• နအဖအဖွဲ့ဖျက်သိမ်းခြင်း | ၃၀ မတ် ၂၀၁၁ |
ဧရိယာ | |
• စုစုပေါင်း | ၆၇၆,၅၇၈ km2 (၂၆၁,၂၂၈ sq mi) |
ငွေကြေး | မြန်မာကျပ် |
တယ်လီဖုန်းကုဒ် | 95 |
နအဖ တွင် ဌာနကြီးများနှင့် ဒေသဆိုင်ရာစစ်တိုင်းကြီးများ၏ တပ်မှူးကြီးများ ပါဝင်ကြသည်။ စစ်အာဏာပိုင်အဖွဲ့ဖြစ်သော နအဖ၏ အဖွဲ့ဝင် ၁၁ ဦးသည် အစိုးရဝန်ကြီးများအဖွဲ့ထက် အာဏာကိုပို၍ သုံးနိုင်ခွင့်ရှိသည်။ စစ်အာဏာပိုင်အဖွဲ့၏ အချို့သောအဖွဲ့ဝင်များသည် ဝန်ကြီးများအဖွဲ့၏ ဝန်ကြီးရာထူးများကိုလည်းယူထားသည်။ အများ၏ထင်မြင်ယူဆချက်တွင် စစ်တိုင်းမှူးများသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများစားစားရရှိခြင်းကို ပျော်ရွှင်နှစ်သက်ကြသည်။ အစိုးရသည်တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သော မဆလ ၏ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စံနစ်မှ နောက်ဆုတ်ထားသော်လည်း၊ လူ့အခွင့်အရေးချိုဖောက်မှု စွပ်စွဲချက်များ အများအပြားရှိခဲ့သည်။